Apple ဟာ စိတ်နဲ့ iPhone တွေကို ထိန်းချုပ်နိုင်ဖို့ Brain-computer Interface (BCI) ကုမ္ပဏီ Synchron နဲ့ ပူးပေါင်းလိုက်ပါတယ်။ အကြောသေနေသူတွေ၊ ခါးရိုး  ဒဏ်ရာရလို့ လက်မလှုပ်ရှားနိုင်တဲ့ သူတွေအတွက် ဖုန်း အသုံးပြုလို့ရအောင် ရည်ရွယ်ထားပါတယ်။

Apple has teamed up with Synchron to develop tech that lets people control its devices with thoughts

Synchron ဟာ Stentrode လို့ခေါ်တဲ့ ဦးနှောက်ထဲ ထည့်သွင်းနိုင်တဲ့ ပစ္စည်းကို တီထွင်ထားပါတယ်။ အဲဒါဟာ ဆန်ဆာတွေပါတဲ့ သေးငယ်တဲ့ သတ္တုပြားလေး ဖြစ်ပြီး ခွဲစိတ်စရာမလိုဘဲ ဦးနှောက်အနားမှ သွေးကြောမှာ ထည့်သွင်းထားနိုင်ပါတယ်။ ထည့်သွင်းပြီးတာနဲ့ ကိရိယာက လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ ဦးနှောက်လှိုင်းတွေကို ဖမ်းယူပြီး External Device တွေထံ ကြိုးမဲ့ ပေးပို့နိုင်ပါတယ်။

အဲဒီ ဦးနှောက်လှိုင်းတွေကို သေးငယ်တဲ့ Wearable Transmitter ကနေ ပေးပို့တာ ဖြစ်ပြီး အဲဒီကနေတဆင့် ဖုန်း အရွယ်အစားပဲ ရှိတဲ့ Wireless Processor ကို ပေးပို့ပါတယ်။ အဲဒီ Processor ကြောင့် လူတွေဟာ Apple Device တွေကို စိတ်နဲ့ ထိန်းချုပ်နိုင်တာ ဖြစ်ပါတယ်။

Apple Plans Brain-Controlled iPhones Similar To Musk's Neuralink: Report

Apple ဟာ Switch Control လို Accessibility Feature တွေထဲမှာ Synchron ရဲ့ နည်းပညာကို ထည့်သွင်းထားပါတယ်။ ဥပမာ အနေနဲ့ အကြောသေနေတဲ့ လူနာ တစ်ယောက် ဖြစ်တဲ့ Mark Jackson ဟာ Apple Vision Pro မှာ ဂိမ်းကစားတာ၊ ဗီဒီယို ကြည့်တာနဲ့ Message ပေးပို့တာတွေ ပြုလုပ်နိုင်ပါတယ်။

Synchron ဟာ Apple နဲ့ ပူးပေါင်းပြီး Brain-computer Interface စနစ်ကို Apple Device တွေမှာ  ထည့်သွင်းပေးတဲ့ ပထမဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။

Ref : Technology Innovation