Xiaomi က ဒီနှစ်မှာ Redmi K80 Ultra နဲ့ ပွဲကြမ်းတော့မှာပါ။ တရုတ်ရဲ့ MIIT Certification အရ အဲဒီဖုန်းမှာ ကြီးမားတဲ့ 7,500mAh Battery နဲ့ 100W Fast Charging ပါလာမှာပါ။ Gamer တွေ အကြိုက်ဖုန်း ဖြစ်ပြီး တစ်နေ့လုံး အားသွင်းစရာ မလိုဘဲ ဂိမ်းကစားနိုင်မှာပါ။

အဲဒီဖုန်းမှာ MediaTek Dimensity 9400+ Chipset ထည့်ထားမှာ ဖြစ်ပြီး Gaming အတွက် အသားပေးထားပါတယ်။ အပူချိန်ကိုလည်း ထိန်းချုပ်နိုင်ပြီး စွမ်းရည်မြင့်မားတဲ့ Chipset ဖြစ်ပါတယ်။ ဂိမ်းတွေ အကြာကြီး ကစားသူတွေ၊ စွမ်းရည်မြင့် အလုပ်တွေ လုပ်သူတွေ ဝယ်သင့်ပါတယ်။

Redmi K80 Ultra

ပေါက်ကြားလာတဲ့ တခြား Specs တွေကို ပြောရရင် 6.83” LTPS OLED Display ပါလာမှာ ဖြစ်ပြီး 1.5K Resolution ဖြစ်ပါတယ်။ 50MP Main Sensor ပါတဲ့ ကင်မရာ ၃ လုံး တပ်ထားမှာပါ။ ပရီမီယမ် ဖရိမ်နဲ့ တည်ဆောက်ထားမှာ ဖြစ်ပါတယ်။

Redmi K80 Ultra ဟာ Gamer တွေ၊ Multitasking သုံးသူတွေအတွက် ရည်ရွယ်ဖန်တီးထားပါတယ်။ Redmi K80 Ultra ဟာ OnePlus Ace 5 Ultra , realme Neo 7 Turbo တို့နဲ့ ယှဉ်ဖိုက်ရမှာ ဖြစ်ပါတယ်။

Ref : Gizchina