ဒေါ်နယ်ထရမ့်ရဲ့ Trump Organization က T1 Phone လို့ခေါ်တဲ့ စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချတော့မှာ ဖြစ်ပါတယ်။

Trump Mobile goes for gold with 5G se... - Mobile World Live

ကုမ္ပဏီက  ၄၉၉ ဒေါ်လာ တန်ဖိုးရှိတဲ့ ရွှေရောင် ‘T1 phone’ ကို လာမယ့် ဩဂုတ်လမှာ စတင်ရောင်းချမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လစဉ်ကြေး ဒေါ်လာ ၄၇.၄၅ နဲ့ ‘Trump Mobile’ ဝန်ဆောင်မှုကိုလည်း ပေးသွားမှာ ဖြစ်ပါတယ်။ ဒီဖုန်းကို “အမေရိကန်နိုင်ငံတွင် တည်ဆောက်သည်” လို့ ကြွေးကြော်ထားပါတယ်။

ဖုန်းအပြင် “The 47 Plan” ဆိုတဲ့ လစဉ်ကြေး မိုဘိုင်းဝန်ဆောင်မှုကိုလည်း ပေးသွားမှာ ဖြစ်ပါတယ်။ လစဉ်ကြေးက $47.45 ဖြစ်ပြီး ဒေါ်နယ်ထရမ့်ဟာ ၄၅ ယောက်မြောက်နဲ့ ၄၇ ယောက်မြောက် သမ္မတဖြစ်တာကို ရည်ညွှန်းထားပါတယ်။

Trump family in phone service licensing deal, touts a $499 device

ဒီလုပ်ငန်းဟာ ထရမ့်မိသားစုရဲ့ နိုင်ငံတကာ စီးပွားရေးအင်ပါယာကို ချဲ့ထွင်နေတဲ့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကတော့ Trump Mobile ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ဒီထုတ်ကုန်တွေကို Trump Organization က ဒီဇိုင်းဆွဲတာ၊ ထုတ်လုပ်တာ ဒါမှမဟုတ် ရောင်းချတာ မဟုတ်ဘူး လို့ အတိအလင်း ဖော်ပြထားတာပါပဲ။ DTTM Operations LLC ဆိုတဲ့ ကုမ္ပဏီတစ်ခုက ‘Trump’ နာမည်ကို သုံးစွဲဖို့အတွက် မူပိုင်ခွင့် လျှောက်ထားခဲ့တာကို တွေ့ရပါတယ်။

ဒါဟာ Trump Organization က တိုက်ရိုက်ထုတ်လုပ်ခြင်းမဟုတ်ဘဲ အမှတ်တံဆိပ်အသုံးပြုခွင့်ပေးတဲ့ (licensing) သဘောတူညီချက် ဖြစ်နိုင်ကြောင်း ညွှန်ပြနေပါတယ်။ ဆိုလိုတာက ပြင်ပကုမ္ပဏီတစ်ခုက ထုတ်လုပ်ပြီး Trump အမှတ်တံဆိပ်နဲ့ ရောင်းချတာပါ။

Ref: Financial Times