vivo က သူရဲ့ နောက်ဆုံးပေါ် ခေါက်ဖုန်းဖြစ်တဲ့ X Fold5 ကို တရုတ်နိုင်ငံမှာ မိတ်ဆက်လိုက်ပါပြီ။ ဒီဖုန်းဟာ အရင်မော်ဒယ်ထက် ပိုပါး၊ ပိုပေါ့ပြီး ပိုမိုကြံ့ခိုင်လာတဲ့အပြင် အထူးခြားဆုံး အားသာချက်တွေလည်း ပါဝင်လာပါတယ်။

vivo X Fold5 has the biggest battery (6,000mAh) and best protection (IP69+)  of any foldable - GSMArena.com news

ဒီဇိုင်းနှင့် ကြံ့ခိုင်မှု

ခေါက်ထားရင် 9.2mm နဲ့ ဖွင့်ထားရင် 4.3mm ပဲ အထူရှိပြီး အရင်မော်ဒယ်တွေထက် ပိုပါးလာပါတယ်။ တိုက်တေနီယမ်ဗားရှင်းက ၂၁၇ ဂရမ်ပဲ လေးပါတယ်။

vivo X Fold5 has the biggest battery (6,000mAh) and best protection (IP69+) of any foldable

ခေါက်ဖုန်းတွေထဲမှာ ရေစိုဒဏ်အမြင့်ဆုံးအဆင့်သတ်မှတ်ချက်ဖြစ်တဲ့ IPX8 (ရေအောက်နစ်မြုပ်နိုင်ခြင်း) နဲ့ IPX9+ (ဖိအားမြင့်ရေပန်းဒဏ်ခံနိုင်ခြင်း) နှစ်မျိုးလုံးကို ပထမဆုံးရရှိတဲ့ ဖုန်းဖြစ်လာပါတယ်။

ဖုန်ဝင်ခြင်းကို ကာကွယ်တဲ့ IP5X အဆင့်လည်းပါဝင်ပြီး အနုတ် ၂၀ ဒီဂရီစင်တီဂရိတ် (-20°C) လို အအေးလွန်တဲ့ ပတ်ဝန်းကျင်မှာတောင် အသုံးပြုနိုင်ပါတယ်။

 ဘက်ထရီနှင့် အားသွင်းစနစ်

ခေါက်ဖုန်းလောကမှာ ဘက်ထရီပမာဏအကြီးဆုံးဖြစ်တဲ့ 6,000mAh ကို ထည့်သွင်းပေးထားပါတယ်။ 80W ကြိုးတပ်အားအမြန်သွင်းစနစ်နဲ့ 40W ကြိုးမဲ့အားအမြန်သွင်းစနစ် နှစ်မျိုးလုံးကို အသုံးပြုနိုင်ပါတယ်။

Display (မျက်နှာပြင်)

အတွင်းဘက် မျက်နှာပြင်က ၈.၀၃ လက်မရှိပြီး အပြင်ဘက် မျက်နှာပြင်က ၆.၅၃ လက်မ ရှိပါတယ်။ အတွင်းဘက်မျက်နှာပြင်ကို Zeiss Master Color Screen နဲ့ Armor Glass မျိုးဆက်သစ်ကို အသုံးပြုထားလို့ အရောင်အသွေးပိုမှန်ကန်ပြီး ပိုမိုခိုင်ခံ့စေပါတယ်။

ကင်မရာ

Zeiss အမှတ်တံဆိပ် 50MP ကင်မရာသုံးလုံးကို တပ်ဆင်ထားပါတယ်။ (Main, Super Telephoto, Ultra-wide) OIS (ပုံငြိမ်အောင် ထိန်းပေးတဲ့စနစ်) ပါဝင်တဲ့အတွက် ပုံထွက်ပိုမိုကြည်လင်ပြတ်သားစေပါတယ်။

 စွမ်းဆောင်ရည်

Snapdragon 8 Gen 3 Chipset ကို အသုံးပြုထားပါတယ်။ ဒါပေမဲ့ ဒီ Chip ဟာ နောက်လအနည်းငယ်အတွင်းမှာ မျိုးဆက်နှစ်ခုလောက် ဒိတ်အောက်တော့မှာပါ။ RAM 12GB/16GB နဲ့ Storage 256GB/512GB/1TB ဆိုပြီး ရွေးချယ်စရာတွေ ရှိပါတယ်။

ဈေးနှုန်း

ခေါက်ဖုန်းတစ်လုံးအတွက် ဈေးနှုန်းအားဖြင့် မဆိုးလှပါဘူး။ 12GB/256GB ဗားရှင်းကို တရုတ်ယွမ် ၇,၀၀၀ (အမေရိကန်ဒေါ်လာ ၉၇၅ ခန့်) နဲ့ စတင်ရောင်းချမှာဖြစ်ပြီး ပြိုင်ဘက် Oppo Find N5 (ယွမ် ၉,၀၀၀) ထက် ဈေးပိုသက်သာပါတယ်။

ဒီဖုန်းဟာ Chipset အဟောင်းသုံးထားတာက အားနည်းချက်ဖြစ်ပေမယ့် ဘက်ထရီအရွယ်အစား၊ အမြင့်ဆုံးအဆင့် ရေစိုဒဏ်ခံနိုင်မှုနဲ့ ပိုမိုပါးလွှာတဲ့ဒီဇိုင်းတွေကတော့ အလွန်ကောင်းမွန်တဲ့ အားသာချက်တွေ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး ဇူလိုင်လ ၂ ရက်နေ့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

Ref : gsmarena