Weibo မှာ သတင်းတွေတင်တဲ့ “Panda is Bald” ဆိုသူရဲ့ ပြောကြားချက်အရ Honor X70 ဖုန်းသစ်ရဲ့ အချက်အလက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီဖုန်းကို ဇူလိုင်လအတွင်းမှာပဲ မိတ်ဆက်နိုင်ခြေရှိပြီး အဓိက အချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

မျက်နှာပြင် (Display)အကြောင်းစပြောရရင် ၆.၇၉ လက်မရှိတဲ့ 1.5K resolution မျက်နှာပြင်အပြား (flat display) ပါဝင်မှာ ဖြစ်ပါတယ်။ ပရိုဆက်ဆာ (Processor)အတွက် အရင်မော်ဒယ်  X60 Pro မှာသုံးခဲ့တဲ့ Snapdragon 6 Gen 1 အစား ပိုအဆင့်မြင့်တဲ့ Snapdragon 6 Gen 4 ပရိုဆက်ဆာကို သုံးစွဲထားမှာဖြစ်ပါတယ်။

ဘက်ထရီ (Battery)ကတော့ အမိုက်ဆုံး အစိတ်အပိုင်းလို့ပြောနိုင်ပြီး အရင်က 6600mAh နဲ့ ယှဉ်လိုက်ရင် အများကြီးပိုကြီးတဲ့ 8300mAh ဘက်ထရီ ပါဝင်လာမှာဖြစ်ပါတယ်။ 80W အမြန်အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားပါတယ်။

512GB storage ပါတဲ့ မော်ဒယ်မှာတော့ ကြိုးမဲ့အားသွင်းစနစ် (wireless charging) ကို ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။ အဲဒီမော်ဒယ်က သာမန်မော်ဒယ်ထက် နည်းနည်းပိုထူပြီး ပိုလေးပါမယ်။

အဖြူ၊ အပြာနဲ့ အနက်ရောင်ဆိုပြီး ၃ မျိုး ထွက်ရှိလာနိုင်ပါတယ်။ စျေးနှုန်းကို မသိရသေးပေမဲ့ အလယ်အလတ်တန်း (mid-range) ဖုန်းတစ်လုံး ဖြစ်လာမှာပါ။ မိတ်ဆက်မယ့်အချိန်ကို အတိအကျ မကြေညာသေးပေမဲ့ သတင်းတွေထွက်ပေါ်နေပြီဖြစ်လို့ မကြာခင်မှာ တရားဝင်မိတ်ဆက်လာဖို့ ရှိပါတယ်။

Ref : Gizmochina