နာမည်ကျော် အီတလီကားကုမ္ပဏီ Ferrari ဟာ ကားပြိုင်ကွင်းကနေ ပင်လယ်ပြင်ဆီကို ကူးပြောင်းလာပြီး ထူးခြားဆန်းသစ်တဲ့ ပရောဂျက်တစ်ခုကို အကောင်အထည်ဖော်နေပါတယ်။ အဲဒါကတော့ အင်ဂျင်မပါ၊ လောင်စာဆီတစ်စက်မှမသုံးဘဲ သွားလာနိုင်မယ့် ပေ ၁၀၀ ရှည်တဲ့ Hypersail ပြိုင်ပွဲဝင်ရွက်လှေပဲ ဖြစ်ပါတယ်။

Sailing with Econowind's futuristic technology could become the key to accelerating the transition of the marine sector - CPG Click Petroleo e Gas

Hypersail ရွက်လှေဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေဖြစ်တဲ့ လေစွမ်းအင်၊ ဆိုလာပြားတွေနဲ့ ရေရဲ့ရွေ့လျားမှုကနေရတဲ့ စွမ်းအင် (Kinetic Power) တွေကို ပေါင်းစပ်အသုံးပြုမှာ ဖြစ်ပါတယ်။ ဒီစနစ်ကြောင့် ရွက်လှေဟာ သမုဒ္ဒရာတွေကို ဘာအကူအညီမှမလိုဘဲ မရပ်မနား ဖြတ်ကျော်နိုင်မှာပါ။

မြန်နှုန်းမြင့်မောင်းနှင်နိုင်ဖို့အတွက် ရွက်လှေရဲ့ကိုယ်ထည်ကို ရေပေါ်မှာ မြောက်တက်စေပြီး ရေရဲ့ ပွတ်တိုက်မှုကို သိသိသာသာလျှော့ချပေးတဲ့ အဆင့်မြင့် foiling နည်းပညာကို သုံးထားပါတယ်။ ဒီနည်းပညာကြောင့် လှိုင်းတွေပေါ်မှာ “ပျံသန်း” နေသလို ခံစားရမှာ ဖြစ်ပါတယ်။

Ferrari Hypersail foiling yacht | WordlessTech

Ferrari ဟာ အရှိန်ပြင်းပြင်းနဲ့ သွားနေချိန်မှာ ရွက်လှေတည်ငြိမ်မှုရှိအောင် ထိန်းချုပ်ပေးဖို့အတွက် သူ့ရဲ့ ကားနည်းပညာဌာနက flight control system တစ်ခုကို ပြန်လည်အသုံးချထားပါတယ်။ ရွက်လှေပေါ်က ရေအောက်တက်မ (keel)၊ ပဲ့ (rudder) နဲ့ လမ်းညွှန်ကိရိယာတွေအပါအဝင် စနစ်အားလုံးဟာ ရွက်လွှင့်နေချိန်မှာ အလိုအလျောက်လည်ပတ်နေမှာ ဖြစ်ပါတယ်။

ဒီ ပရောဂျက်ကို နာမည်ကျော်ရွက်လှေအားကစားသမား Giovanni Soldini နဲ့ ထိပ်တန်းရွက်လှေဒီဇိုင်နာ Guillaume Verdier တို့က ဦးဆောင်နေတာဖြစ်ပြီး မူပိုင်ခွင့်အသစ် ၉ ခုကို ရရှိထားပြီးဖြစ်ကာ နောက်ထပ် ၆ ခုကိုလည်း ဆက်လက်မှတ်ပုံတင်နေဆဲ ဖြစ်ပါတယ်။ Hypersail ရွက်လှေကို အီတလီနိုင်ငံမှာ တည်ဆောက်နေပြီး ၂၀၂၆ ခုနှစ်မှာ ရောင်းချဖို့ စီစဉ်ထားပါတယ်။

Ref: Technology Innovation