OPPO က အခုအခါမှာ သုံးစွဲသူတွေအတွက် ပိုပြီး သက်သာပေါ့ပါးစေနိုင်မှာဖြစ်သလို ခေတ်မီတိုးတက်ပြီး နောက်ဆုံးပေါ်‌ AI လုပ်ဆောင်ချက်တွေ ပါရှိလာမဲ့ OPPO Reno14 Series 5G ကို မြန်မာနိုင်ငံဈေးကွက်သို့ စတင်မိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။

OPPO Reno14 Series 5G ဟာ ဈေးတန်းတူ စမတ်ဖုန်းများအကြား အတောက်ပဆုံးဖြစ်ပြီး သဘာဝအကျဆုံး ကြွရွပေါ်လွင်တဲ့ နောက်ဆုံးပေါ် OPPO AI Flash Photography နည်းပညာ ၊ ခေတ်ဆန်ပြီး သုံးစွဲသူတွေသဘောကျတဲ့ Iridescent Mermaid Design ၊ ခေတ်မီပြီး တိုးတက်လာတဲ့ AI လုပ်ဆောင်ချက်များ ၊ Flagship Technology လို့ဆိုရတဲ့ 3.5x Telephotography နည်းပညာ၊ ပိုမိုကောင်းမွန်တိုးတက်လာတဲ့ ဘက်ထရီ ၊ IP69 အဆင့်ရှိ ရေဒဏ်နဲ့ ဖုန်ဒဏ်တွေကို ခံနိုင်ရည်ရှိမှု အစရှိတဲ့ ဘက်ပေါင်းစုံအတွက် ပြီးပြည့်စုံတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာတာကြောင့် သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝမှာ ပိုပြီးလွယ်ကူပေါ့ပါးအောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။

ဒီတစ်ခေါက် OPPO Reno14 Series 5G မှာဆိုရင် ထုတ်ကုန်မော်ဒယ်အားလုံးကို 5G Technology နည်းပညာနဲ့ ဖန်တီးထားတာဖြစ်သလို ထိပ်ဆုံးထုတ်ကုန်ဖြစ်တဲ့ OPPO Reno14 Pro 5G ကိုပါ မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်လာပြီဖြစ်ပြီး OPPO Reno14 Series 5G မှာဆိုရင် Flagship အဆင့် စွမ်းဆောင်ရည် မြင့်မားအောင်ဖန်တီးထားကာ MediaTek Dimensity 8450 platform, 50MP သုံးလုံးပါရှိတဲ့ နောက်ကင်မရာစနစ်၊ 1.5K 120Hz OLED မျက်နှာပြင်နဲ့ လွန်စွာပါးလွှာလွန်းလှတဲ့ bezels များ၊ အားများလှတဲ့ 6,200mAh ဘက်ထရီ နဲ့အတူ အားသွင်းမြန်ဆန်လှတဲ့ ကြိုးရှိ ၊ ကြိုးမဲ့ အားသွင်းစနစ်တွေပါ ပါရှိလာဦးမှာဖြစ်ပါတယ်။

Flagship Level အဆင့်ရှိ မာကြောမှုနဲ့အတူ ဒီဇိုင်းပိုင်းမှာ ပိုမိုခေတ်ရှေ့ပြေးလာတဲ့ OPPO Reno14 Series 5G

OPPO Reno14 Pro 5G , OPPO Reno14 5G နဲ့ OPPO Reno14 F 5G တို့မှာ ချောမွေ့တဲ့ bezel ပါ Flat AMOLED မျက်နှာပြင်တွေ ပါရှိသလို OPPO ရဲ့ သီးသန့်အထူး Splash Touch နည်းပညာ နဲ့ Glove Mode ကို ထောက်ပံ့ ပေးထားတာကြောင့် မျက်နှာပြင်အနေနဲ့ လက်စေးကပ်နေတဲ့အချိန် သို့မဟုတ် လက်အိတ်စွပ်ထားချိန်မှာတောင် Touch Response နှေးကွေးမှု မရှိဘဲ သွက်လက်နေစေမှာ ဖြစ်ပါတယ်။ OPPO Reno14 Pro 5G မှာ ၆.၈၃ လက်မ နဲ့အတူ 1.5K resolution display ပါဝင်ပြီး၊ 120Hz refresh rate, 10-bit color depth နှင့် HDR10+ အသိအမှတ်ပြုလက်မှတ် နဲ့အတူ အလွန်ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်အတွေ့အကြုံကို ပေးစွမ်းနိုင်သလို OPPO Reno14 5G နှင့် Reno14 F 5G တို့မှာဆိုရင် ၆.၅၉ လက်မ နဲ့ ၆.၅၇ လက်မရှိတဲ့ မျက်နှာပြင်တွေ ကိုယ်စီပါဝင်မှာဖြစ်ပါတယ်။ ခေတ်မီဆန်းသစ်တဲ့ Iridescent Mermaid Design နဲ့အတူ ကွဲထွက်လာတဲ့ OPPO Reno14 Series 5G ဟာဆိုရင် လူငယ်တွေအတွက် မျက်စိကျစရာ ဒီဇိုင်းတစ်ခုဖြစ်လာနိုင်ပါတယ်။ OPPO Reno14 Pro 5G နဲ့ Reno14 5G နှစ်မျိုးလုံးမှာ Flagship level စမတ်ဖုန်းတွေမှာသာ ပါရှိလေ့ရှိတဲ့ One-piece Sculpted Glass နောက်ဖုံးကို အသုံးပြုပြီး၊ မာကြောခိုင်ခံတဲ့ Aerospace-grade Aluminum နဲ့ ဖန်တီးထားတာဖြစ်ပါတယ်။

ဈေးတန်းတူ စမတ်ဖုန်းတွေအကြား ကြည်လင်ပြတ်သားလှပတဲ့ ကင်မရာစနစ်နဲ့အတူ Flagship Technology 3.5x Telephoto Camera

OPPO Reno Series တွေဟာ သုံးစွဲသူတွေအကြား ကောင်းမွန်လှပတဲ့ ကင်မရာစနစ်ကြောင့် နာမည်ကျော်ကြား လူကြိုက်များပြီးသားဖြစ်သလို ယခုအခါ OPPO Reno14 Series 5G မှာ ဆိုရင်လဲ ကြည်လင်တောက်ပလှပတဲ့ ကင်မရာစနစ် ထပ်မံပါရှိလာပါတယ်။ OPPO Reno14 Pro 5G မှာဆိုရင် Ultra-Clear Low-Light Camera System နဲ့ အတူ 50MP ပါရှိတဲ့ Camera ၃လုံးတပ်ဆင်ပေးလာတဲ့အပြင် Flagship နည်းပညာဖြစ်တဲ့ Telephoto camera ပါ ပါရှိလာပြီး OPPO Reno14 5G မှာဆိုရင်လဲ OPPO Reno14 Pro 5G နဲ့ထပ်တူ နောက်ဆုံးပေါ် Flagship Technology ဖြစ်တဲ့ Telephoto Camera ကို 3.5x Telephoto အထိ Zoom ဆွဲယူကာ Portrait Photography ရိုက်ကူးနိုင်တာကြောင့် ဓာတ်ပုံရိုက်ရတာ ကြိုက်နှစ်သက်တဲ့ သုံးစွဲသူတွေအတွက် စမ်းသပ်စရာ လုပ်ဆောင်ချက်တစ်ခု တိုးလာပြီဖြစ်သလို ဈေးတန်းတူ စမတ်ဖုန်းတွေအကြား တစ်ခုတည်းသော Flagship Technology ဖြစ်တဲ့ 3.5x Telephoto camera ပါရှိလာတဲ့ စမတ်ဖုန်းအဖြစ်တည်ရှိမှာဖြစ်ပါတယ်။

ဒီလိုကောင်းမွန်တဲ့ ကင်မရာစနစ်တွေသာမက OPPO Reno14 Series 5G ဟာဆိုရင် ဈေးတန်းတူ စမတ်ဖုန်းတွေအကြား အလင်းအားအကောင်းဆုံးနဲ့ အတောက်ပဆုံး AI Flash Photography ပါရှိလာဦးမဲ့အပြင် OPPO Reno14 Series 5G မှာပါရှိလာတဲ့ Flash Mode အသစ်ကြောင့် အလင်းအားလုံလောက်စွာ မရရှိတဲ့နေရာတွေမှာတောင် အလင်းအားပြည့်ပြည့်စုံစုံနဲ့ ပုံရိပ်တွေကို အသေးစိတ်ကျကျ သဘာဝဆန်ဆန်ပုံရိပ်တွေကို အလွယ်တကူ အသာလေးဖမ်းယူနိုင်မှာဖြစ်ပါတယ်။

Flagship Level အဆင့် ရေစိမ်ခံနိုင်မှုနဲ့အတူ အကြည်လင်ဆုံး ရေအောက် 4K Resolution Underwater Videography ကိုပါ ရိုက်ကူးလာနိုင်တဲ့ OPPO Reno14 Series 5G

OPPO Reno14 Series 5G မှာ ပါဝင်တဲ့ ထုတ်ကုန်မော်ဒယ်အားလုံးဟာ ဖုန်မှုန့်နဲ့ ရေစိုခံမှုအတွက် Flagship level အဆင့်ရှိ ခံနိုင်ရည်ဖြစ်တဲ့ IP66, IP68, နဲ့ IP69 ဆင့်အထိ စမ်းသပ်အတည်ပြုပြီးဖြစ်သလို၊ USB ဆက်သွယ်မှုနေရာမှာပါ Platinum-grade ဖြစ်သလို ချေးမတက်စေနိုင်တဲ့အလွှာ Platinum-grade Anti-corrosion Coating ဖြင့် ထိန်းသိမ်းထားတဲ့ USB Interface ကာကွယ်ထားခြင်းကြောင့် အကြာကြီးအသုံးပြုရင်တောင် စိတ်ချစေနိုင်မှာကတော့ အားသာချက်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် OPPO Reno14 Series 5G အနေနဲ့ ရေအောက်ထဲမှာတောင် 4K Resolution နဲ့အတူ ကြည်လင်ပြတ်သားတဲ့ Underwater Videography ကို ရိုက်ယူနိုင်မှာဖြစ်ပါတယ်။ OPPO Reno14 Pro 5G နဲ့ OPPO Reno14 5G နှစ်မျိုးလုံးမှာဆိုရင် AI-Enhanced 4K HDR Video ကို ထောက်ပံ့ထားတဲ့အတွက် ရုပ်ထွက်ကြည်လင်မှုအပြင်၊ မျှတတဲ့အလင်းအမှောင်ချိန်ညှိမှု (Dynamic Range) နှင့် သဘာဝအရောင်အတိအကျကို ပေးစွမ်းနိုင်ဦးမှာဖြစ်ပါတယ်။ ဒီနည်းပညာကြောင့် မိုဘိုင်းဖုန်းတစ်လုံးတည်းနဲ့ ရုပ်ရှင်အဆင့်ရုပ်သံဖန်တီးမှု ကိုအလွယ်တကူ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

OPPO AI ရဲ့ လုပ်ဆောင်ချက်တွေနဲ့အတူ ခြေလှမ်းသစ်အဖြစ် တိုးတက်လာတဲ့ ရုပ်ပုံရိုက်ကူးမှုများ

ဓာတ်ပုံတစ်ပုံချင်းစီအတွက် အသေးစိတ် အသက်ဝင်နေသလို ထင်ဟပ်စေတဲ့ အခိုက်အတန့်ကောင်းတွေကို ဖမ်းယူနိုင်အောင် အထောက်အကူပြုတဲ့ AI လုပ်ဆောင်ချက်တွေကို ဒီတစ်ခေါက် OPPPO Reno14 Series 5G မှာထည့်သွင်းရင်း AI နည်းပညာကို အခြေခံထားတဲ့ ရုပ်ပုံရိုက်ကူးမှုအပိုင်းအတွက် ခေတ်မီနည်းပညာတွေကို ဆန်းသစ်ဖန်တီးလာခဲ့တဲ့ OPPO ဟာ မိုဘိုင်းဖုန်းကင်မရာနည်းပညာနယ်ပယ်မှာ နောက်ထပ်ခြေလှမ်းသစ်တစ်ခု လျှောက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

အသုံးပြုသူတွေ အကြိုက်များတဲ့ Livephoto ကို ထပ်မံတိုးတက်အောင်လုပ်ဆောင်ပြီး AI Livephoto 2.0 အဖြစ်အသစ် ပြန်လည်မိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။ OPPO Reno14 5G နဲ့ OPPO Reno14 Pro 5G မှာ ပါရှိလာတဲ့ Hardware-level Dual Exposure Fusion နည်းပညာက သက်တမ်းအနည်းဆုံး Exposure တစ်ခုပြီး တစ်ခုပေါင်းထည့်ခြင်းအားဖြင့် အချိန် တစ်ချိန်တည်းမှာ အရှိန်နှေးသွားတဲ့ ပုံရိပ်တစ်ခုနဲ့ အလင်းဖမ်းပေးနိုင်တဲ့ Exposure တစ်ခုကို ရိုက်ကူးကာ Real-time အတွင်းမှာ ပေါင်းစပ်ပေးနိုင်ပြီဖြစ်ပါတယ်။ ဒီနည်းပညာကြောင့် ဓာတ်ပုံရိုက်စဉ်မှာ အချိန်ကြာမြင့်လောက်အောင် Shutter ကနေ ပိတ်မနေဘဲ Motion Blur မရှိတဲ့ ပုံရိပ်တွေကို ချက်ချင်းရိုက်ကူးနိုင်မှာဖြစ်သလို Still Shot ဖြစ်စေ၊ Livephoto ဖြစ်စေ ပြီးပြည့်စုံတဲ့ပုံရိပ်ကို အချိန်မရွေး ဖမ်းယူနိုင်ပြီဖြစ်ပါတယ်။

AI Livephoto 2.0 အပြင် OPPO Reno14 Series 5G ရဲ့ AI Editor မှာလဲ ရိုးရှင်းတဲ့ ပုံရိပ်တွေကိုတောင် ပရော်ဖက်ရှင်နယ်ဓာတ်ပုံအဆင့်ထိ တိုးတက်အောင် ပြောင်းလဲနိုင်တဲ့ AI လုပ်ဆောင်ချက်များစွာဖြစ်တဲ့ AI Recompose ၊ AI Perfect Shot ၊ AI Eraser 2.0 ၊ AI Unblur ၊ AI Clarity Enhancer ၊ AI Reflection Remover တို့ ပါရှိလာပါသေးတယ်။ AI Recompose မှာဆိုရင် ဓာတ်ပုံတွေရဲ့ ပုံစံနဲ့ အချက်အလက်တွေပေါ်မူတည်ပြီး Aspect Ratio တွေကို အလိုအလျောက် ချိန်ညှိပေးခြင်း၊ ပုံတွေကို အသင့်တော်ဆုံးပုံစံဖြင့် ပြန်လည် Crop ကာ ပြုပြင်ပေးခြင်း၊ ပျက်စီးသွားတဲ့ ပုံရိပ်တွေအတွက် ပြန်လည်ပြုပြင်ပြီး Filter မျိုးစုံနဲ့အတူ ပြန်လည်အလှဆင်ပေးခြင်း အစရှိတဲ့ လုပ်ဆောင်ချက်တွေကို ပြုလုပ်ပေးနိုင်တာကြောင့် သုံးစွဲသူတွေအနေနဲ့ ရွေးချယ်စရာများစွာတွေထဲကမှ မိမိကြိုက်နှစ်သက်ရာကို ပြန်လည်ရွေးချယ်ကာ တစ်ချက်တည်းနှိပ်လိုက်ရုံနဲ့ အလှဆုံးရလဒ်ကိုရရှိနိုင်မှာဖြစ်ပါတယ်။

AI Perfect Shot မှာဆိုရင်လဲ မျက်နှာရဲ့ အပြုံးအနေနဲ့ မလှပနေလို့ပဲဖြစ်စေ၊ မျက်လုံးပိတ်သွားခြင်း၊ ဆံပင်ကြောင့် မျက်နှာကို ကွယ်နေခြင်း ဒီလိုအစရှိတဲ့ မလိုလားအပ်တဲ့၊ အလှပျက်စေတဲ့အရာတွေအားလုံးကို ပြင်ဆင်ပေးနိုင်ရုံသာမက AI က မိမိရဲ့ ဓာတ်ပုံတွေထဲက မျက်နှာကို ပြန်လည်စစ်ဆေးကိုးကားကာ မိမိရဲ့ ဓာတ်ပုံတွေမှာ Facial Expression မျိုးစုံကို ဖန်တီးပေးနိုင်မှာဖြစ်တာကြောင့် မိမိကိုယ်တိုင် ပြန်လည်ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဒါတင်သာမက ယခင်မျိုးဆက်တည်းက ပါရှိလာတဲ့ AI Eraser 2.0 ၊ AI Unblur ၊ AI Reflection Remover နဲ့ AI Clarity Enhancer တို့ ထပ်မံပါရှိလာဦးမှာဖြစ်ပါတယ်။

တစ်နေ့တာလုပ်ဆောင်မှုတွေမှာ အကောင်းဆုံး နဲ့ အချိန်တိုအတွင်း စွမ်းဆောင်ပေးနိုင်တဲ့ ခေတ်မီ အဆင့်မြင့် OPPO AI

နောက်ဆုံးပေါ် ColorOS 15 နဲ့အတူ OPPO Reno14 Series 5G ဟာ ဖုန်းထဲမှာ ရှိတဲ့ အချက်အလက်တွေကို စနစ်တကျ စီမံခန့်ခွဲနိုင်မှာဖြစ်သလို ဘာသာစကားအတားအဆီးများကို အလွယ်တကူ ကျော်လွှားနိုင်ဖို့အတွက် ဆန်းသစ်ခေတ်မီတဲ့ နောက်ဆုံးပေါ် OPPO AI လုပ်ဆောင်ချက်တွေကို ထည့်သွင်းထားတာကြောင့် သုံးစွဲသူတွေရဲ့နေ့စဉ်ဘဝကို အဆင်ပြေ ချောမွေ့စေနိုင်မှာဖြစ်ပါတယ်။ AI Mind Space ဟာ ပြန့်ကျဲနေတဲ့ အချက်အလက်တစ်ခုချင်းစီ ကို ပြန်လည်စုစည်းကာ အထိရောက်ဆုံးဖော်ပြပေးနိုင်တဲ့ နောက်ဆုံးပေါ် လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ OPPO Reno14 5G နဲ့ OPPO Reno14 Pro 5G မှာဆိုရင် အရေးကြီးတဲ့ အချက်အလက်တွေ နဲ့အတူ ဖုန်းနံပါတ်၊ ချိန်းဆိုမှု၊ ဟိုတယ် အမှာစာ၊ ဆောင်းပါး၊ ဓာတ်ပုံ၊ ဗီဒီယို အစရှိတာတွေကို လက်သုံးချောင်းဖြင့် အပေါ်ဘက်ကို တစ်ချက်တည်း ဆွဲတင်လိုက်တာနဲ့ Mind Space App ထဲသို့ ချက်ချင်း သိမ်းဆည်းနိုင်ပါတယ်။ လက်သုံးချောင်းဆွဲကာ သိမ်းထားတဲ့အချက်အလက်များကို Mind Space App မှာ ရှာဖွေနိုင်သလို AI Search ရဲ့ အကူအညီကို သုံးပြီး မိမိရဲ့ မိခင်ဘာသာစကားနဲ့အတူ ရှာဖွေနိုင်မှာဖြစ်ပါတယ်။ ဒါတင်သာမက OPPO Reno14 Series 5G မှာ ပါရှိလာတဲ့ AI လုပ်ဆောင်ချက်တွေနဲ့အတူ မတူညီတဲ့ ဘာသာစကားတွေကို အလွယ်တကူ ဘာသာပြန်ကာ ကျော်လွှားနိုင်တဲ့ လုပ်ဆောင်ချက်အများအပြား ပါဝင်ပါတယ်။ ဒါကြောင့် သုံးစွဲသူတွေအနေနဲ့ နောက်ဆုံးပေါ် OPPO AI နည်းပညာနဲ့အတူ ကိုယ့်ရဲ့ အလုပ်လုပ်နိုင်စွမ်းတွေကို မြှင့်တင်နိုင်ဖို့ OPPO Reno14 Series 5G က ကူညီပေးနိုင်တော့မှာဖြစ်ပါတယ်။

သာမန်လုပ်ဆောင်ချက်တွေအတွက် သာမက Mobile Game တွေအတွက်လဲ အထူးအားကောင်းလာအောင် အဆင့်မြှင့်တင်ထားတဲ့ Performance

MediaTek Dimensity 8450 Mobile Platform ကို အသုံးပြုထားတဲ့ OPPO Reno14 Pro 5G မှာဆိုရင် Performance အားဖြင့် အားကောင်းသလို Graphics performance အတွက်လည်း Arm Mali-G720 GPU ကို အသုံးပြုထားတာကြောင့် စွမ်းအင်သုံးစွဲမှုကိုလဲ ၄၂ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တာကြောင့် ဂိမ်းဆော့တဲ့အခါ နှေးကွေးခြင်း မရှိဘဲ ပိုမိုကောင်းမွန်လာတဲ့ရလဒ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါတင်သာမက OPPO Reno14 Series 5G မှာ Performance ကို အားကောင်းရုံသာမက ဖုန်းကို ပူခြင်း၊ ထစ်ခြင်းမရှိစေရန်အတွက် အကောင်းဆုံး ဖြစ်စေဖို့ Vapor Chamber (VC) ကို တပ်ဆင်ထားတဲ့အပြင် OPPO Reno14 Pro 5G နဲ့ OPPO Reno14 5G တို့မှာဆိုရင် AI Nano Dual-Drive Cooling System ပါဝင်ပြီး၊ AI HyperBoost 2.0 နဲ့ တွဲဖက်အသုံးပြုခြင်းကြောင့် ဂိမ်းကစားချိန်များစွာကြာသော်လဲ အပူလွှတ်မှုကို ထိန်းညှိနိုင်ပြီး စွမ်းဆောင်ရည် ကျဆင်းမှုမရှိပဲ အမြဲသွက်လက်နေစေမှာဖြစ်ပါတယ်။ ယခင်မျိုးဆက်တွေထဲက ပါဝင်ခဲ့ပြီးသားဖြစ်တဲ့ OPPO ရဲ့ နည်းပညာ ဖြစ်တဲ့ AI LinkBoost 2.0 ကို အခုအခါမှာဆိုရင် AI LinkBoost 3.0 အဖြစ် အဆင့်မြှင့်တင်လိုက်ပြီဖြစ်တာကြောင့် ပိုမိုခိုင်မာတဲ့ အင်တာနက်ချိတ်ဆက်မှုကို ရရှိမဲ့အပြင် မတည်ငြိမ်တဲ့ ကွန်ရက်တွေမှာတောင် အချောမွေ့ဆုံး Data Stream ကို ဦးစားပေးပြောင်းလဲပေးနိုင်မှာဖြစ်သလို၊ ယခင်ထက်ပိုမိုကောင်းမွန်တဲ့ ကွန်ရက်ဖမ်းယူမဲ့ Antenna design အသစ် ၊ Optimization ပိုင်းအတွက် တိုးတက်မှုတွေ ထည့်သွင်းဖန်တီးလာတာကြောင့် စဉ်ဆက်မပြတ်ကောင်းမွန်တဲ့ ကွန်ရက် ချိတ်ဆက်မှု အတွေ့အကြုံကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

ဘက်ထရီအားဖြင့်လဲ OPPO Reno14 Pro 5G မှာဆိုရင် အားသိုလှောင်နိုင်စွမ်းပမာဏများပြားတဲ့ 6,200 mAh ဘက်ထရီ နဲ့အတူ အားသွင်းမြန်ဆန်တဲ့ 80W SUPERVOOC Flash Charge တင်သာမက 50W AIRVOOC wireless charging စနစ်ပါ ပါရှိလာပြီး ထိပ်တန်း အားသွင်းမြန်ဆန်မှု နဲ့အတူ အားကိုကြာရှည်ခံနိုင်မှာဖြစ်ပါတယ်။ OPPO Reno14 5G နဲ့ OPPO Reno14 F 5G တို့ နှစ်ခုလုံးမှာတော့ 6,000mAh ဘက်ထရီနဲ့အတူ OPPO ရဲ့ ကောင်းမွန်မြန်ဆန်တဲ့ SUPERVOOC Flash Charge နည်းပညာက ဈေးတန်းတူ စမတ်ဖုန်းတွေအကြား အကောင်းဆုံး ဘက်ထရီ နဲ့အတူ အားသွင်းမြန်ဆန်မှုဖြစ်စေမှာပါ။

OPPO Reno14 Series 5G တစ်ခုလုံးကို နောက်ဆုံးပေါ် ColorOS 15 ပေါ် အခြေခံပြီး ဖန်တီးထားတဲ့အပြင် OPPO ရဲ့ မြန်ဆန်သွက်လက်တဲ့ Trinity Engine နဲ့ Luminous Rendering Engine တို့ပါရှိတာကြောင့် ပိုးသားအသွင် ချောမွေ့မြန်ဆန်လှတဲ့ Animation နဲ့အတူ စွမ်းအားမြင့် Performance ကို ခံစားတွေ့ကြုံနိုင်မှာဖြစ်ပါတယ်။ OPPO Reno14 Series 5G မှာဆိုရင် ColorOS ရဲ့ Major Upgrade ၅မျိုးအထိကို အဆင့်မြှင့်တင်နိုင်မှာဖြစ်ပြီး ရေရှည်အတွက်လဲ အဆင်ပြေသွက်လက်ချောမွေ့နေစေဖို့အတွက် Software ပိုင်းအားဖြင့် ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

ကောင်းမွန်ဆန်းသစ်တဲ့ နောက်ဆုံးပေါ် AI Flash Photography နည်းပညာ၊ တစ်နေ့တာအတွက် ကူညီဖြည့်စည်းပေးနိုင်မဲ့ AI လုပ်ဆောင်ချက်များစွာ နဲ့အတူ ပိုမိုကောင်းမွန်လာတဲ့ ကင်မရာစနစ်၊ ပိုမိုအားကောင်းလာတဲ့ ဘက်ထရီစနစ် တို့ ပါရှိတဲ့ OPPO Reno14 Series 5G နဲ့ ပတ်သက်ပြီး ထပ်မံသိရှိလိုပါက OPPO Myanmar Official Facebook PageWebsiteViber  နဲ့ Telegram  တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။

media release: OPPO