ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ်က တီထွင်လိုက်တဲ့ Surgical Robot Transformer-Hierarchy (SRT-H) လို့ခေါ်တဲ့ ခွဲစိတ်စက်ရုပ်တစ်ခုဟာ လူနဲ့တူတဲ့ ပုံစံတူမော်ဒယ်တစ်ခုဆီကနေ သည်းခြေအိတ်ကို လူရဲ့အကူအညီမပါဘဲ ၁၀၀% တိကျမှုနဲ့ အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ပါတယ်။

Robot Surgeon Executes Key Phase of Surgery Without Human Assistance

အဲဒီစက်ရုပ်ကို အဆင့်ဆင့် program ရေးဆွဲထားတာမျိုးမဟုတ်ဘဲ၊ တကယ့်ခွဲစိတ်မှုတွေကို ကြည့်ရှုခြင်းအားဖြင့် ဆရာဝန်ပေါက်စတစ်ယောက်လို လေ့လာသင်ယူစေခဲ့တာပါ။ ဝက်အသေကောင်တွေပေါ်မှာ သည်းခြေအိတ်ထုတ်တဲ့ ခွဲစိတ်မှုဗီဒီယိုတွေကိုသုံးပြီး လေ့ကျင့်ပေးခဲ့တာဖြစ်ပြီး၊ လုပ်ဆောင်ချက်တစ်ခုချင်းစီကို စာတန်းတွေနဲ့ အသံနဲ့ညွှန်ကြားချက်တွေကနေတဆင့် နာမည်တပ်ပြီး ရှင်းပြထားပါတယ်။ ဒါက ဘာလုပ်ရမယ်ဆိုတာကို သာမက ဘာကြောင့်လုပ်ရတယ်ဆိုတာကိုပါ နားလည်စေခဲ့ပါတယ်။

Free Robot Assisting Surgery Image | Download at StockCake

SRT-H ဟာ  အဆင့် ၁၇ ဆင့်ရှိတဲ့ ရှုပ်ထွေးတဲ့ သည်းခြေအိတ်ထုတ်တဲ့ လုပ်ငန်းစဉ်ကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး၊  တိကျစွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

အဲဒီစက်ရုပ်ဟာ  အဆင့်မြင့် AI ကိုသုံးပြီး အသံနဲ့ညွှန်ကြားချက်တွေကို လိုက်နာနိုင်သလို၊ ခွဲစိတ်နေစဉ်မှာ အခြေအနေတွေပြောင်းလဲသွားရင်လည်း လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နိုင်ပါတယ်။ လူသားဆရာဝန်တွေထက် အချိန်ပိုကြာခဲ့ပေမယ့် အရာအားလုံးကို သူ့ဘာသာသူ ကိုင်တွယ်နိုင်ခဲ့ပါတယ်။

နောက်တစ်ဆင့်ကတော့ SRT-H ကို တခြားခွဲစိတ်မှုအမျိုးအစားတွေမှာ စမ်းသပ်ဖို့ပါပဲ။ သက်ရှိလူသားတွေပေါ်မှာ ခွဲစိတ်ဖို့အတွက် ခွင့်ပြုချက်မရသေးပေမယ့်၊ သုတေသနအဖွဲ့ကတော့ လာမယ့်ဆယ်စုနှစ်အတွင်းမှာ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

Ref : Technology Innovation