တရုတ်နိုင်ငံမှာ Honor နောက်ဆုံးထုတ်လိုက်တဲ့ Honor X70 မှာ ကြီးမားတဲ့ 8,300mAh ဆီလီကွန်-ကာဘွန် ဘက်ထရီ ပါဝင်ပါတယ်။ Honor ဟာ 7,000mAh အထက် ဘက်ထရီပါတဲ့ ဖုန်းတွေကို ထုတ်လုပ်လာတာ အချိန်တစ်ခုရှိပါပြီ။ အခုတော့ Digital Chat Station (DCS) က Honor ဟာ ဒီနှစ် သူ့ရဲ့ midrange နဲ့ flagship ဖုန်းတွေအတွက် ဘက်ထရီပမာဏကြီးမားမှုကို ဆက်ပြီး ဦးစားပေးသွားမှာ ဖြစ်ပါတယ်။

Honor Plans to Equip Future Flagships with 7,000mAh Batteries

DCS ရဲ့ ပို့စ်အသစ်အရ Honor ရဲ့ ၂၀၂၅ flagship ဖုန်းတွေမှာ အနည်းဆုံး 7,000mAh ဘက်ထရီတွေ ပါဝင်လာမယ့်အပြင်၊ midrange ဖုန်းတွေမှာတော့ 8,000mAh နဲ့ အထက် ဘက်ထရီတွေ ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။

Chinese Brands to Adopt 7000mAh Battery as the New Baseline for Flagship  Phones - WhatMobile news

ဒါဟာ Honor ရဲ့ midrange ဖုန်းတွေအတွက် အဆင့်မြှင့်ပေးမှု တစ်ခုဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မနှစ်က Honor X60 မှာ 5,880mAh ဘက်ထရီ ပါဝင်ခဲ့ပြီး X60 Pro မှာတော့ 6,600mAh ဘက်ထရီ ပါဝင်ခဲ့လို့ ဖြစ်ပါတယ်။

Honor ရဲ့ flagship Magic7 series မှာ 5,650mAh နဲ့ 5,850mAh ကြား ဘက်ထရီတွေ ပါဝင်ခဲ့တာကြောင့် လာမယ့် Magic8 series မှာ 7,000mAh အထက် ပါဝင်လာမယ်ဆိုရင် ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့ တိုးတက်မှုတစ်ခု ဖြစ်လာမှာပါ။  DCS က နောင်လာမယ့် Honor flagship ဖုန်းတွေမှာ အများဆုံး 100W ကြိုးတပ်အားသွင်းနှုန်းအထိပဲ ပါဝင်လာမယ်လို့လည်း ပြောထားပါတယ်။

တရုတ်နိုင်ငံပြင်ပမှာ ရောင်းချမယ့် Honor ဖုန်းတွေမှာလည်း အခုလို ဘက်ထရီပမာဏ တိုးမြှင့်ပေးမှုတွေ ရရှိမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref : gsmarena