Redmi Note 14 SE ရဲ့ Specs အများစုကို အရင်ကတည်းက ဖော်ပြခဲ့ပြီးဖြစ်ပေမယ့် အခုတော့ အိန္ဒိယနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပါပြီ။ မျှော်လင့်ထားတဲ့အတိုင်းပဲ ဒီဖုန်းက သာမန် Redmi Note 14 ကို နာမည်ပြောင်းထားတာဖြစ်ပြီး အဓိက ကွာခြားချက်တွေကတော့ Crimson Art ဆိုတဲ့ အရောင်သစ် ပါဝင်လာတာနဲ့ ဈေးနှုန်း ပိုသက်သာတာပဲ ဖြစ်ပါတယ်။

Redmi Note 14 SE key specs

Note 14 SE မှာ 6GB RAM နဲ့ 128GB storage မော်ဒယ်တစ်မျိုးတည်းပဲ ပါဝင်ပြီး ရောင်းဈေးက အိန္ဒိယရူပီး ၁၄,၉၉၉ ($173) ဖြစ်ပါတယ်။ အဲဒီဈေးနှုန်းက လက်ရှိ Note 14 ရဲ့ ရောင်းဈေးထက် ရူပီး ၂,၀၀၀ ပိုသက်သာပါတယ်။ Redmi Note မိသားစုဝင် အသစ်ဖြစ်တဲ့ အဲဒီဖုန်းကို Flipkart မှာ ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး ဩဂုတ်လ ၇ ရက်နေ့မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။

Redmi Note 14 SE 5G announced, launching in India on July 28: Details  inside - India Today

သူ့ရဲ့ Specs တွေကို အကျဉ်းချုပ်ပြောရရင် Note 14 SE မှာ ၆.၆၇ လက်မ AMOLED မျက်နှာပြင် (FHD+ 120Hz) နဲ့ MediaTek ရဲ့ Dimensity 7025 Ultra chip ကို တပ်ဆင်ထားပါတယ်။ ဒီဖုန်းမှာ IP64 ရေနဲ့ဖုန်ဒဏ် ခံနိုင်ရည်ရှိတဲ့စနစ်နဲ့ ကင်မရာသုံးလုံးပါတဲ့ စနစ် ပါဝင်ပြီး အဲဒီကင်မရာတွေကတော့ 50MP (LYT-600) main camera၊ 8MP ultrawide camera နဲ့ 2MP depth sensor တို့ ဖြစ်ပါတယ်။

Note 14 SE မှာ Android 15 နဲ့ Xiaomi HyperOS တို့ကို တစ်ပါတည်း ထည့်သွင်းပေးထားပြီး 45W အားအမြန်သွင်းစနစ်ပါတဲ့ 5,110 mAh ဘက်ထရီလည်း ပါဝင်ပါတယ်။

Ref : gsmarena