လွန်ခဲ့တဲ့ ရက်အနည်းငယ်က မနှစ်ကထွက်ရှိခဲ့တဲ့ မူလ ၃ ခေါက်ချိုး စမတ်ဖုန်းဖြစ်တဲ့ Huawei ရဲ့ Mate XT ကို ဆက်ခံမယ့်ဖုန်းနဲ့ပတ်သက်ပြီး အချက်အလက်တွေ ထပ်မံပေါက်ကြားခဲ့ပါတယ်။ အခုတော့ သတင်းရင်းမြစ်အသစ်တစ်ခုက အဲဒီဖုန်းအသစ်ရဲ့ နာမည်ကို Mate XTs လို့ခေါ်မှာဖြစ်ပြီး သူ့ရဲ့ တရားဝင်မိတ်ဆက်မယ့်ရက်ကိုပါ ဖော်ပြလာပါတယ်။

The first triple-screen foldable phone is finally here, and it's pricey - Android Authority

အဲဒီဖုန်းကို စက်တင်ဘာလ ၁၂ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။ မကြာသေးမီက ထွက်ပေါ်ခဲ့တဲ့ ကောလာဟလတစ်ခုအရ အဲဒီအပတ်ဟာ Apple က iPhone 17 မိသားစုကို မိတ်ဆက်မယ့် အပတ်လည်း ဖြစ်နေပါတယ်။ ဒါက အနည်းဆုံးတော့ စိတ်ဝင်စားစရာကောင်းတဲ့ အချိန်ကိုက်ဖြစ်မှုတစ်ခုပါပဲ။ တကယ်လို့သာ မှန်ခဲ့ရင် Huawei အနေနဲ့ Apple ရဲ့ အရှိန်အဝါကို လုယူချင်တဲ့ သဘောမျိုးဖြစ်နိုင်ပြီး သူတို့ထိပ်ဆုံးနေရာမှာ စိုးမိုးထားတဲ့ တရုတ်ပြည်တွင်းဈေးကွက်မှာတော့ ဒီလိုလုပ်တာ အောင်မြင်နိုင်ခြေလည်း ရှိပါတယ်။

Huawei Unveils World's First Tri-Folding Smartphone, Mate XT

Mate XTs ဟာ တရုတ်ယွမ် ၂၀,၀၀၀ ဝန်းကျင် ကျသင့်မယ်လို့ ကောလာဟလတွေ ထွက်နေပါတယ်။ ဒါဟာ လက်ရှိငွေလဲနှုန်းတွေအရ အမေရိကန်ဒေါ်လာ ၂,၇၈၆ ဒါမှမဟုတ် ယူရို ၂,၄၂၂ နဲ့ ညီမျှပါတယ်။ အရင်ထွက်ရှိခဲ့တဲ့ Mate XT ရဲ့ ဈေးနှုန်းကလည်း ယွမ် ၁၉,၉၉၉ ဖြစ်ခဲ့တာကြောင့် သူ့ကိုဆက်ခံမယ့်ဖုန်းကလည်း ဈေးနှုန်း အတူတူလောက်ပဲ ရှိမှာဖြစ်ပါတယ်။

Mate XTs ဟာ တရုတ်ဈေးကွက်မှာ Samsung ရဲ့ ထွက်လာတော့မယ့် ၃ ခေါက်ချိုး စမတ်ဖုန်းနဲ့ တိုက်ရိုက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ Samsung ရဲ့ဖုန်းကို ဒီနှစ်နှောင်းပိုင်းမှာ ကြေညာမှာဖြစ်ပြီး အစပိုင်းမှာ ကိုရီးယားနဲ့ တရုတ်နိုင်ငံမှာပဲ ရောင်းချမယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ အဲဒီ Samsung ဖုန်းရဲ့ ဈေးနှုန်းက ဘယ်လောက်ဖြစ်မလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: gsmarena