Realme ဟာ ဥရောပဈေးကွက်မှာ Note-series ဖုန်းအသစ်တစ်မျိုးကို  မိတ်ဆက်လိုက်ပါတယ်။  Unisoc chip၊ ဘက်ထရီကြီးကြီးနဲ့ ကြံ့ခိုင်တဲ့ကိုယ်ထည်ဒီဇိုင်း ပါဝင်တဲ့ အခြေခံအဆင့် 4G စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ဒီဖုန်းရဲ့ အသေးစိတ်အချက်အလက်တွေ၊ လုပ်ဆောင်ချက်တွေနဲ့ ဈေးနှုန်းကို ကြည့်လိုက်ရအောင်။

Realme Note 70T Listing On Retailer Website Suggests Key Specifications and  Design | Technology News

Realme Note 70T မှာ 720 x 1600 pixels HD+ resolution ကို ထောက်ပံ့ပေးတဲ့ ၆.၇၄ လက်မအရွယ် IPS LCD မျက်နှာပြင်ကို သုံးထားပါတယ်။ ဒါ့အပြင် 90Hz refresh rate နဲ့ Peak Brightness 563 nits အထိကိုလည်း ထောက်ပံ့ပေးထားပါတယ်။

Realme Note 70T

Note 70T မှာ Unisoc T7250 chipset ကိုသုံးထားပြီး 15W အားသွင်းစနစ်ပါတဲ့ 6,000mAh ဘက်ထရီကြီးကို တပ်ဆင်ပေးထားပါတယ်။ RAM 4GB၊ virtual RAM 12GB အထိနဲ့ 64GB / 128GB / 256GB storage အမျိုးအစားတွေနဲ့ ရွေးချယ်နိုင်ပါတယ်။

Realme Note 70T

Selfie အတွက် 5-megapixel ရှေ့ကင်မရာတစ်လုံးပါဝင်ပြီး ကျောဘက်မှာတော့ OmniVision OV13B10 13-megapixel ကင်မရာကို တပ်ဆင်ထားပါတယ်။ ဒီဖုန်းမှာ Android 15 ကို အခြေခံထားတဲ့ Realme UI 5 ကို ကြိုတင်ထည့်သွင်းပေးထားပါတယ်။

Realme Note 70T မှာ dual SIM, 4G VoLTE, Wi-Fi 5, Bluetooth 5.2, GPS, NFC, USB-C ပေါက်၊ ဘေးဘက်လက်ဗွေစနစ်နဲ့ Pulse Light notification LED မီးလုံးလိုမျိုး တခြားလုပ်ဆောင်ချက်တွေလည်း ပါဝင်ပါသေးတယ်။ ဖုန်းရဲ့အရွယ်အစားက 167.20 x 76.60 x 7.94mm ရှိပြီး အလေးချိန် ၂၀၁ ဂရမ် ရှိပါတယ်။ IP54 ရေစိုခံစနစ်အပြင် ကြမ်းတမ်းတဲ့အခြေအနေတွေကို ခံနိုင်ရည်ရှိတဲ့ MIL-STD-810H အသိအမှတ်ပြုလက်မှတ်လည်း ရရှိထားပါတယ်။

Realme Note 70T ကို ဈေးနှုန်း ၈၉ ယူရို သတ်မှတ်ထားပြီး Obsidian Black နဲ့ Beach Gold အရောင်တွေနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။ တရားဝင်အတည်ပြုချက် မထွက်သေးပေမယ့် ဒီဖုန်းဟာ လာမယ့်ရက်ပိုင်းတွေအတွင်း အရှေ့တောင်အာရှဈေးကွက်တွေကိုလည်း ဝင်ရောက်လာဖို့ မျှော်လင့်ရပါတယ်။

Ref : gizmochina