Xiaomi ဟာ Redmi 15 5G စမတ်ဖုန်းကို မလေးရှားနိုင်ငံမှာ တရားဝင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းရဲ့ အဓိကဆွဲဆောင်မှုတွေကတော့ 144Hz display၊ Snapdragon 6-series chipset၊ ပမာဏအလွန်ကြီးမားတဲ့ ဘက်ထရီနဲ့ 50-megapixel main camera တို့ပဲ ဖြစ်ပါတယ်။ Redmi 15 5G နဲ့ ပတ်သက်တဲ့ အချက်အလက်အပြည့်အစုံကို အောက်မှာ လေ့လာကြည့်ရအောင်။

Redmi 15 5G Now Official And Available For RM729 In Malaysia - Lowyat.NET

Redmi 15 5G မှာ 6.9-inch အရွယ်အစားရှိတဲ့ Full HD+ display ကို အသုံးပြုထားပြီး 144Hz refresh rate နဲ့ 288Hz touch sampling rate တို့ကို ထောက်ပံ့ပေးထားပါတယ်။ ဒါ့အပြင် ရေစိုတဲ့လက်နဲ့ထိတွေ့သုံးစွဲရာမှာ ပိုမိုအဆင်ပြေစေမယ့် Wet Touch Technology 2.0 လည်း ပါဝင်လာပါတယ်။

Redmi 15 5G launched with 144Hz display, 7,000mAh battery, 50MP camera -  Gizmochina

စွမ်းဆောင်ရည်ပိုင်းအတွက် Snapdragon 6s Gen 3 processor ကို အသုံးပြုထားပြီး ဘက်ထရီကတော့ 7,000mAh အထိ ပါဝင်ပါတယ်။ ဒါဟာ Xiaomi က သူ့ရဲ့ စမတ်ဖုန်းတွေမှာ ထည့်သွင်းပေးခဲ့သမျှ အကြီးမားဆုံး ဘက်ထရီပမာဏ ဖြစ်ပါတယ်။ အားသွင်းစနစ်အနေနဲ့ 33W အားအမြန်သွင်းစနစ်နဲ့ တခြားစက်ပစ္စည်းတွေကို အားပြန်သွင်းပေးနိုင်တဲ့ 18W reverse charging စနစ်တို့ကို ထောက်ပံ့ပေးထားပါတယ်။

ဖုန်းရဲ့ software ပိုင်းမှာတော့ Android 15 ကို အခြေခံထားတဲ့ Xiaomi HyperOS 2.0 ကို သုံးထားပြီး Circle to Search, AI Eraser, AI Sky, နဲ့ Dynamic Shots တို့လို ဉာဏ်ရည်တုလုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ ကင်မရာအနေနဲ့ ကျောဘက်မှာ 50-megapixel main sensor နဲ့ auxiliary lens တစ်လုံးပါဝင်တဲ့ ကင်မရာနှစ်လုံးစနစ်ကို တပ်ဆင်ထားပြီး အရှေ့ဘက်မှာတော့ 8-megapixel ကင်မရာတစ်လုံး ပါဝင်ပါတယ်။

လုံခြုံရေးအတွက် ဖုန်းရဲ့ဘေးဘက်မှာ လက်ဗွေရာစနစ်ကို တပ်ဆင်ပေးထားပါတယ်။ တခြားအထူးပြုလုပ်ဆောင်ချက်တွေအနေနဲ့ IP64 ရေနဲ့ဖုန်ကာကွယ်မှု၊ virtual RAM ကို 16GB အထိ တိုးချဲ့နိုင်မှုနဲ့ microSD ကတ်ကို 2TB အထိ ထပ်စိုက်နိုင်မှုတို့ ပါဝင်ပါတယ်။ Hi-Res Audio နဲ့ Dolby Atmos တို့ကြောင့် အသံအရည်အသွေးမြင့်မားစွာ နားဆင်နိုင်မှာ ဖြစ်ပါတယ်။

Redmi 15 5G ကို 8GB+256GB အမျိုးအစားတစ်ခုတည်းနဲ့ပဲ မိတ်ဆက်ခဲ့ပြီး စျေးနှုန်းကတော့ မလေးရှားရင်းဂစ် ၇၂၉ (အမေရိကန်ဒေါ်လာ ၁၇၀ ခန့်၊ စင်ကာပူဒေါ်လာ ၂၃၀ ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။ Ripple Green, Titan Gray, နဲ့ Midnight Black ဆိုပြီး အရောင် ၃ မျိုးနဲ့ ရရှိနိုင်မှာဖြစ်ပြီး Xiaomi ရဲ့ တရားဝင်ဝက်ဘ်ဆိုက်နဲ့ အရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ ဒီဖုန်းကို လာမယ့် သြဂုတ်လ ၁၈ ရက်နေ့မှာ အိန္ဒိယနိုင်ငံမှာလည်း မိတ်ဆက်သွားဖို့ စီစဉ်ထားပါတယ်။

Ref : gizmochina