Xiaomi ဟာ တရုတ်နိုင်ငံမှာ  Redmi Note 15R အသစ်ကို ကြေညာလိုက်ပါတယ်။ Redmi Note 15 နဲ့မတူတာက 15R မှာ reverse wired charging စနစ်ပါတဲ့ ဘက်ထရီအကြီးကြီးကို ထည့်သွင်းထားပြီး နားကြပ်တွေသာမက တခြားဖုန်းတွေကိုပါ အားပြန်သွင်းပေးနိုင်ပါတယ်။

Note 15R ရဲ့ ရှေ့ဘက်မှာ 6.9-inch FHD+ LCD display ပါဝင်ပြီး 144Hz refresh rate နဲ့  850 nits peak brightness (HBM) ရှိပါတယ်။ ဒါ့အပြင် ရေစိုတဲ့လက်နဲ့ ထိတွေ့အသုံးပြုနိုင်ပြီး ဂိမ်းကစားရာမှာ ပိုမိုချောမွေ့တဲ့ တုံ့ပြန်မှုအတွက် 288Hz touch sampling rate ကိုလည်း ပေးထားပါတယ်။ ဖုန်းကို Snapdragon 6s Gen 3 (6nm, 2.3GHz) chipset က စွမ်းဆောင်ရည်ပေးထားပြီး LPDDR4X RAM နဲ့ UFS 2.2 storage တို့နဲ့ တွဲဖက်ထားပါတယ်။

ဖုန်းရဲ့အလေးချိန်က ၂၁၇ ဂရမ်ရှိပြီး ၈.၄ မီလီမီတာထူကာ IP64 အဆင့် ဖုန်နဲ့ ရေဒဏ်ခံနိုင်စွမ်း ပါဝင်ပါတယ်။ ဝယ်ယူသူတွေအနေနဲ့ Glacier White, Shadow Black နဲ့ Quicksand Purple အရောင်တွေထဲကနေ ရွေးချယ်နိုင်ပါတယ်။

Xiaomi Redmi 15R launches in China as a rebranded Redmi 15 - GSMArena.com news

ဖုန်းမှာ 50MP main ကျောဘက်ကင်မရာနဲ့ 8MP selfie ကင်မရာ ပါဝင်ပါတယ်။ သူ့ရဲ့ အဓိက အားသာချက်ကတော့ 7,000mAh ဆီလီကွန်-ကာဗွန် ဘက်ထရီဖြစ်ပြီး Xiaomi က ငါးနှစ်အထိ ခံနိုင်ရည်ရှိမယ်လို့ ဆိုပါတယ်။ အားသွင်းစနစ်ကိုတော့ 33W wired charging နဲ့ 18W reverse charging တို့ ထည့်ထားပါတယ်။

Software ပိုင်းမှာတော့ Android 15 ကို အခြေခံထားတဲ့ HyperOS 2 နဲ့ လည်ပတ်မှာဖြစ်ပြီး Xiaomi က ၄၈ လကြာ ချောမွေ့တဲ့ စွမ်းဆောင်ရည်ကို အာမခံထားပါတယ်။ တခြားလုပ်ဆောင်ချက်တွေအနေနဲ့ Dolby Atmos အထောက်အပံ့၊ 200% volume boost၊ Wi-Fi 5၊ Bluetooth 5.1၊ NFC နဲ့ infrared remote sensor တို့ ပါဝင်ပါတယ်။

Redmi Note 15R ကို မော်ဒယ်သုံးမျိုးနဲ့ ရရှိနိုင်ပါတယ်-

8GB + 256GB – ၁,၄၉၉ ယွမ် (ဒေါ်လာ ၂၁၀ ခန့်)

12GB + 256GB – ၁,၈၉၉ ယွမ် (ဒေါ်လာ ၂၆၅ ခန့်)

12GB + 512GB – ၂,၁၉၉ ယွမ် (ဒေါ်လာ ၃၀၅ ခန့်)

Xiaomi ဟာ တရုတ်နိုင်ငံပြင်ပမှာ ရောင်းချမယ့်အကြောင်းကိုတော့ အတည်မပြုသေးပါဘူး။

Ref : gizmochina