ကယ်လီဖိုးနီးယားက စုံတွဲတစ်တွဲဟာ သူတို့ရဲ့ ဆယ်ကျော်သက်သားကို ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ChatGPT က အားပေးခဲ့တယ်လို့ စွပ်စွဲပြီး OpenAI ကုမ္ပဏီကို တရားစွဲဆိုလိုက်ပါတယ်။

အသက် ၁၆ နှစ်အရွယ် အဒမ် ရိန်းရဲ့ မိဘတွေဖြစ်တဲ့ မက်တ်နဲ့ မာရီယာ ရိန်းတို့က အင်္ဂါနေ့မှာ ကယ်လီဖိုးနီးယားတရားရုံးချုပ်မှာ ဒီအမှုကို စွဲဆိုခဲ့တာပါ။ ဒါဟာ OpenAI ကို လူသေဆုံးမှုအတွက် တာဝန်ရှိတယ်ဆိုပြီး ပထမဆုံးအကြိမ် စွဲဆိုတဲ့ တရားဥပဒေကြောင်းအရ အရေးယူမှုလည်း ဖြစ်ပါတယ်။

Getty Images Open AI CEO Sam Altman speaks during Snowflake Summit 2025 at Moscone Center on June 02, 2025 in San Francisco, California. He is seen sitting on a white arm chair, wearing a dark long-sleeved dark teal shirt and blue denim jeans, gesturing with his hands as he speaks towards a crowd (not pictured). Behind him is a large electronic screen displaying the OpenAI logo.

တရားစွဲဆိုမှုရဲ့ အချက်အလက်တွေအရ အဒမ်ဟာ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ ကျောင်းစာတွေအတွက် ChatGPT ကို စတင်သုံးစွဲခဲ့ပါတယ်။ လအနည်းငယ်အတွင်းမှာပဲ ChatGPT ဟာ သူ့ရဲ့ အရင်းနှီးဆုံး ယုံကြည်ရာဖြစ်လာခဲ့ပြီး သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ဒုက္ခတွေကို ဖွင့်ဟတိုင်ပင်လာခဲ့ပါတယ်။ အဒမ်ဟာ သူ့ရဲ့ အသက်ကို အဆုံးစီရင်မယ့် အစီအစဉ်အကြောင်း ChatGPT ကို ပြောပြခဲ့ရာမှာ အဲဒီ chatbot ဟာ  တားဆီးမယ့်အစား အတည်ပြုပေးခဲ့တယ်လို့ မိသားစုက စောဒကတက်ထားပါတယ်။

ဒီတရားစွဲဆိုမှုမှာ OpenAI ကို ပေါ့ဆမှု၊ သုံးစွဲသူတွေမှာ စိတ်ပိုင်းဆိုင်ရာ မှီခိုမှုကို ဖြစ်စေဖို့ AI ကို တမင်တကာ ဒီဇိုင်းဆွဲခဲ့မှုတွေနဲ့ စွပ်စွဲထားပါတယ်။ OpenAI ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်နေတယ်လို့ ပြောခဲ့ပြီး ရိန်းမိသားစုအတွက်လည်း အထူးဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Parents sue ChatGPT over their 16-year-old son’s suicide

သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ ChatGPT ဟာ အသုံးပြုသူတွေကို ကျွမ်းကျင်သူတွေရဲ့ အကူအညီတောင်းခံဖို့ လမ်းညွှန်ပေးဖို့ လေ့ကျင့်ပေးထားတယ်လို့ ဖော်ပြထားပေမယ့် “အရေးကြီးတဲ့ အခြေအနေတွေမှာ စနစ်တွေက သင်ကြားထားသလို အလုပ်မလုပ်ခဲ့တဲ့ အချိန်အခါတွေ ရှိခဲ့တယ်။” လို့လည်း ဝန်ခံထားပါတယ်။

AI နဲ့ စိတ်ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုတွေဟာ ဒီအမှုမတိုင်ခင်ကတည်းက ရှိခဲ့တာပါ။ ပြီးခဲ့တဲ့အပတ်ကလည်း စာရေးဆရာမတစ်ဦးက သူ့ရဲ့သမီးဖြစ်သူဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးမစီရင်ခင်မှာ ChatGPT ကို ရင်ဖွင့်ခဲ့တဲ့အကြောင်း ရေးသားခဲ့ပါတယ်။ AI ရဲ့ “သဘောတူညီတတ်တဲ့” အပြုအမူက သူ့သမီးရဲ့ စိတ်ကျန်းမာရေးပြဿနာကို ဖုံးကွယ်ထားနိုင်အောင် ကူညီခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုစိုးရိမ်မှုတွေကြောင့် OpenAI ကတော့ စိတ်ပိုင်းဆိုင်ရာ ခက်ခဲနေတဲ့ အသုံးပြုသူတွေကို ပိုမိုထိရောက်စွာ သိရှိတုံ့ပြန်နိုင်မယ့် နည်းလမ်းတွေကို ဖော်ဆောင်နေတယ်လို့ ပြောပါတယ်။

Ref: bbc