Xiaomi က သူ့ရဲ့ နောက်ဆုံးပေါ် တန်ဖိုးနည်းစမတ်ဖုန်းဖြစ်တဲ့ Redmi 15C ကို တရားဝင် မိတ်ဆက်လိုက်ပါတယ်။ ဒီဖုန်းမှာ အရောင်အသစ်တွေ၊ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်း၊ ရှည်လျားတဲ့ မျက်နှာပြင်နဲ့ ကြာရှည်ခံမယ့် ဘက်ထရီကြီးကြီးတွေနဲ့အတူ ထွက်ရှိလာတာ ဖြစ်ပါတယ်။

ဒီဖုန်းမှာ 6.9 လက်မအရွယ် LCD မျက်နှာပြင်ကို တပ်ဆင်ထားပြီး HD+ resolution၊ 120Hz refresh rate နဲ့ အမြင့်ဆုံးတောက်ပမှု 810 nits အထိ ရရှိမှာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းမှာတော့ 4G ကွန်ရက်ကို ထောက်ပံ့ပေးတဲ့ MediaTek Helio G81 Ultra chipset ကို သုံးထားပါတယ်။ RAM 4GB, 6GB, 8GB ဆိုပြီး ရွေးချယ်စရာတွေရှိသလို၊ storage ကိုတော့ 128GB နဲ့ 256GB ဆိုပြီး ရနိုင်မှာပါ။ microSD ကတ်ပေါက်ကနေတစ်ဆင့်လည်း storage ကို 1TB အထိ ထပ်တိုးနိုင်ပါသေးတယ်။

Redmi 15C

ကင်မရာပိုင်းမှာတော့ ကျောဘက်မှာ 50MP dual camera စနစ်ကို သုံးထားပြီး ရှေ့ဘက်မှာတော့ 8MP selfie ကင်မရာ ပါဝင်ပါတယ်။ ဒီဖုန်းရဲ့ အဓိကအားသာချက်တစ်ခုကတော့ 6,000mAh ပမာဏရှိတဲ့ ဘက်ထရီကြီးကြီး ပါဝင်တာဖြစ်ပြီး 33W အားအမြန်သွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ တခြားထူးခြားတဲ့ အချက်တွေအနေနဲ့ ဘေးဘောင်လက်ဗွေရာစနစ်၊ ရေနဲ့ဖုန်ဒဏ်ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်တဲ့ IP64 အဆင့်၊ 3.5mm နားကြပ်ပေါက်၊ FM ရေဒီယို၊ Bluetooth 5.4 နဲ့ dual band WiFi တို့ ပါဝင်ပါတယ်။

ဖုန်းမှာ Android 15 OS ကို အခြေခံထားတဲ့ HyperOS 2.0 custom skin ကို သုံးထားပါတယ်။ Redmi 15C ကို Moonlight Blue, Midnight Black, Mint Green နဲ့ Twilight Orange ဆိုတဲ့ အရောင်အသွေးစုံလင်စွာနဲ့ ထုတ်လုပ်ထားပါတယ်။ Xiaomi က Redmi 15C ကို ကမ္ဘာ့ဈေးကွက်အတွက် အမေရိကန်ဒေါ်လာ ၁၁၉ ကနေ စတင်ရောင်းချမယ်လို့ ကြေညာခဲ့ပေမယ့် ဒေသအလိုက် ဈေးနှုန်းကွာခြားမှုတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။

Ref : gizmochina