တရုတ်နိုင်ငံအခြေစိုက် AI startup ကုမ္ပဏီ DeepSeek ဟာ ၂၀၂၅ ခုနှစ်ကုန်မှာ next-generation AI agent တစ်ခုကို မိတ်ဆက်ဖို့ ပြင်ဆင်နေတယ်လို့ Bloomberg သတင်းမှာ ဖော်ပြထားပါတယ်။ ဒါဟာ OpenAI ရဲ့ AI Agent ကို တိုက်ရိုက် စိန်ခေါ်တာပါ။ DeepSeek ဟာ ဒီနှစ်အစောပိုင်းက ထုတ်လုပ်ခဲ့တဲ့ R1 model နဲ့ တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ သူတို့ရဲ့ R1 model ဟာ OpenAI ရဲ့ ChatGPT နဲ့ Google ရဲ့ Gemini တို့လို ပြိုင်ဘက်တွေထက် အကုန်အကျ အများကြီးသက်သာပြီး open-source ဖြစ်တာကြောင့် နည်းပညာလောကမှာ အပြောင်းအလဲတစ်ခု ဖြစ်စေခဲ့ပါတယ်။

DeepSeek accelerates launch of AI Agent model by the end of 68, aiming to  challenge OpenAI - Money & Banking Magazine

အခု အသစ်ထွက်လာမယ့် R2 model ဟာ သာမန် chatbot တွေလို စာသားတွေ ဖြေကြားပေးတာမျိုးမဟုတ်ဘဲ AI agent အမျိုးအစား ဖြစ်လာမယ်လို့ သိရပါတယ်။ AI agent တွေဟာ ခရီးသွားလာရေး စီစဉ်တာ၊ software ပြဿနာရှာဖွေတာနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေလို ရှုပ်ထွေးတဲ့ အဆင့်များစွာပါဝင်တဲ့ အလုပ်တွေကို လူရဲ့ကြီးကြပ်မှု အနည်းငယ်နဲ့ ကိုယ်တိုင်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းပညာကို AI လောကရဲ့ နောက်ထပ် ခြေလှမ်းသစ်တစ်ခုအဖြစ် ကျွမ်းကျင်သူတွေက ရှုမြင်ထားကြပါတယ်။

China's Deepseek aims to launch its AI agents by year-end

DeepSeek ဟာ R2 model ကို အလျင်စလိုမလုပ်ဘဲ သတိကြီးစွာနဲ့ အချိန်ယူ ပြင်ဆင်နေပေမယ့် နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုတွေကိုတော့ အဆက်မပြတ် လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့လကပဲ V3.1 update ကို ထုတ်ပြန်ခဲ့ပြီး context window ကို 128,000 tokens အထိ တိုးမြှင့်ခဲ့ပါတယ်။ ထူးခြားချက်တစ်ခုကတော့ DeepSeek ရဲ့ AI က ထုတ်လုပ်တဲ့ အကြောင်းအရာတိုင်းမှာ AI က ရေးသားထားကြောင်း label မဖြစ်မနေ ထည့်သွင်းတဲ့ မူဝါဒကို ကျင့်သုံးတာဖြစ်ပြီး ဒါဟာ တခြားပြိုင်ဘက်တွေနဲ့ ကွဲထွက်နေတဲ့အချက် ဖြစ်ပါတယ်။

DeepSeek ရဲ့ ကြိုးပမ်းမှုဟာ OpenAI၊ Microsoft နဲ့ Anthropic တို့လို ကုမ္ပဏီကြီးတွေ ဝင်ရောက်နေပြီဖြစ်တဲ့ AI agent ဈေးကွက်ကို ပစ်မှတ်ထားတာ ဖြစ်ပါတယ်။ သူတို့ရဲ့ အဓိက ရည်မှန်းချက်ကတော့ AI နယ်ပယ်မှာ အမေရိကန်ရဲ့ လွှမ်းမိုးမှုကို စိန်ခေါ်ဖို့ဖြစ်ပြီး DeepSeek ရဲ့ တိုးတက်မှု အရှိန်အဟုန်ကြောင့် Silicon Valley က နည်းပညာကုမ္ပဏီတွေနဲ့ Washington က အစိုးရပိုင်းကပါ သူတို့ရဲ့ လှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့်နေကြပါတယ်။

Ref : gizmochina