Google က Nano Banana ကြောင့် Gemini app သုံးသူ အလွန်များလာတဲ့အကြောင်း ပြောကြားလိုက်ပါတယ်။

တရားဝင်အခေါ်အဝေါ်ကတော့ Gemini 2.5 Flash Image ဖြစ်ပေမယ့် Google က နေရာတော်တော်များများမှာ Nano Banana ဆိုတဲ့ နာမည်ကိုပဲ ပေါပေါများများ သုံးနှုန်းနေပါတယ်။ စမ်းသပ်တဲ့အဆင့်ကသုံးခဲ့တဲ့ အဲဒီ codename ဟာ လူကြိုက်များခဲ့ပြီး အခုဆိုရင် Gemini ရဲ့ prompt bar မှာ ငှက်ပျောသီး emoji လေးတစ်ခုတောင် ထည့်သွင်းထားပါတယ်။

Google AI Studio မှာလည်း “Nano Banana” လို့ပဲ သုံးထားပြီး @NanoBanana ဆိုတဲ့ social media account တစ်ခုတောင် ရှိနေပါတယ်။ LMArena ရဲ့ Image Edit leaderboard မှာဆိုရင်လည်း အပြတ်အသတ် အမှတ် ၁၇၁ မှတ် အသာနဲ့ နံပါတ် ၁ နေရာမှာ ရပ်တည်နေပါတယ်။

အဲဒီ image editing model ရဲ့ အဓိက တိုးတက်လာတဲ့အချက်ကတော့ ပုံထဲကလူ ဒါမှမဟုတ် ဇာတ်ကောင်ရဲ့ ရုပ်သွင်ကို မပြောင်းလဲအောင် တသမတ်တည်း ထိန်းသိမ်းထားနိုင်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဓာတ်ပုံတွေအများကြီး တစ်ပြိုင်တည်းတင်တာ၊ style transfer လုပ်တာနဲ့ အပြန်အလှန်မေးခွန်းတွေမေးပြီး အဆင့်ဆင့် ပြင်ဆင်တည်းဖြတ်တာမျိုးတွေလည်း လုပ်ဆောင်နိုင်ပါတယ်။

What is Nano Banana!??. Let's see why Nano Banana is trending… | by Varadaraj Acharya | Aug, 2025 | Stackademic | Stackademic

Google ရဲ့ Josh Woodward က ဒီနေ့မှာ ပြောကြားခဲ့ရာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂  ရက်က စတင်မိတ်ဆက်ခဲ့ပြီးချိန်ကစလို့ ပုံပေါင်း သန်း ၂၀၀ ကျော်ကို တည်းဖြတ်ခဲ့ကြပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ပိုပြီးထူးခြားတာကတော့ Nano Banana ကြောင့် Gemini App ကို သုံးစွဲသူ အသစ်  ၁၀ သန်း ကျော် ရှိလာပါတယ်။

ဒီလို app အတွင်းမှာပဲ ပုံတွေကို တိုက်ရိုက်ပြင်နိုင်တဲ့ feature ကြောင့် လူစိတ်ဝင်စားမှု မြင့်တက်ပြီး app download လုပ်တဲ့ အရေအတွက်လည်း တိုးလာခဲ့ပါတယ်။ လက်ရှိမှာ Google Gemini ဟာ App Store ရဲ့ Productivity ကဏ္ဍမှာ နံပါတ် ၂ နေရာကို ရောက်ရှိနေပြီး Play Store ရဲ့ ထိပ်တန်းအခမဲ့ app တွေထဲမှာတော့ နံပါတ် ၁၃ နေရာမှာ ရှိနေပါတယ်။

Ref: 9to5google