၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှာ OpenAI ကုမ္ပဏီက ChatGPT မှာ အသက်အရွယ်စစ်ဆေးအတည်ပြုတဲ့ စနစ်တွေ ထည့်သွင်းသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ်အသုံးပြုသူတွေကို အကာအကွယ်ပေးဖို့အတွက် အခုလိုပြုလုပ်တာပါ။

ChatGPT: How will it impact our kids' learning?

ကုမ္ပဏီက အသုံးပြုသူရဲ့အသက်ကို တွက်ချက်ပေးမယ့် အလိုအလျောက်စနစ်တစ်ခုကို ဖန်တီးနေပြီး အသက်အရွယ်ကို တိတိကျကျ မခန့်မှန်းနိုင်ဘူးဆိုရင်  ပိုပြီးတင်းကျပ်တဲ့ မူဝါဒတွေရှိတဲ့ အသက် ၁၈ နှစ်အောက် ChatGPT Version ကိုပဲ သုံးခွင့်ပေးမှာပါ။ “တချို့အခြေအနေတွေ ဒါမှမဟုတ် နိုင်ငံတွေမှာတော့” အသုံးပြုသူတွေအနေနဲ့ သူတို့ဟာ လူကြီးဖြစ်ကြောင်း အတည်ပြုဖို့အတွက် မှတ်ပုံတင်ပြခိုင်းတာမျိုး ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

Can the new AI tool ChatGPT take over school assignments? - Oakridge

ဒါ့အပြင် မိဘတွေက ထိန်းချုပ်နိုင်မယ့်စနစ်တွေကိုလည်း စက်တင်ဘာလကုန်မှာ မိတ်ဆက်သွားဖို့ ရှိပါတယ်။ အဲဒီစနစ်တွေမှာတော့ အသက် ၁၃ နှစ်ကနေ ၁၇ နှစ်ကြား ဆယ်ကျော်သက်တွေရဲ့အကောင့်ကို မိဘအကောင့်နဲ့ ချိတ်ဆက်တာ၊ အသုံးပြုချိန် ကန့်သတ်တာ ဒါမှမဟုတ် သုံးလို့မရတဲ့အချိန်တွေ သတ်မှတ်တာနဲ့ ဆယ်ကျော်သက်တစ်ယောက် စိတ်ပိုင်းဆိုင်ရာအခက်အခဲကြုံနေရရင် မိဘဆီ အချက်ပေးအကြောင်းကြားတာမျိုးတွေ ပါဝင်မှာ ဖြစ်ပါတယ်။

OpenAI ရဲ့ ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းတွေအရ အသက် ၁၃ နှစ်အောက် ကလေးတွေကိုတော့ သုံးစွဲခွင့်ပြုထားခြင်း မရှိပါဘူး။ အသက် ၁၃ နှစ်ကနေ ၁၇ နှစ်ကြား ဆယ်ကျော်သက်တွေကတော့ ကန့်သတ်ချက်တွေ ရှိတဲ့ ChatGPT Version ကို ဆက်လက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Ref : Technology Innovation