Honor က mid-range ဖုန်းဖြစ်တဲ့ Honor X9d ကို မိတ်ဆက်မယ့်ရက်ကို တရားဝင် ကြေညာလိုက်ပါတယ်။ အဲဒီပွဲကို ဒီလကုန်ပိုင်းမှာ မလေးရှားနိုင်ငံမှာ ကျင်းပသွားမှာပါ။ ပွဲကျင်းပမယ့်ရက်ကတော့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက် ဖြစ်ပြီးတော့ အစောပိုင်းထွက်ထားတဲ့ teaser တွေအရ ဘယ်လိုဖုန်းမျိုးဖြစ်မလဲဆိုတာကို အကြမ်းဖျင်း ခန့်မှန်းလို့ရနေပါပြီ။

ဒီဇိုင်းပိုင်းကြည့်ရတာ X9d ဟာ ပြီးခဲ့တဲ့ ဇူလိုင်လက တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တဲ့ Honor X70 ဆီကနေ အဓိကစိတ်ကူးယူထားပုံရပေမဲ့ ထူးခြားတဲ့ ပြောင်းလဲမှုတချို့တော့ ရှိပါတယ်။ အဲဒီထဲကတစ်ခုကတော့ 108MP main camera ပါဝင်လာတာပါ။ ကုမ္ပဏီက ဒီဖုန်းရဲ့ အကြမ်းခံနိုင်မှု (ruggedness) ကို အဓိကထားပြီး ကြော်ငြာနေပါတယ်။

Honor X70 လိုပဲ ဒီဖုန်းမှာ IP69K rating ပါဝင်လာပြီး ဖုန်နဲ့ ရေဒဏ်ကို ခံနိုင်ရုံတင်မကဘဲ အားအပြင်းနဲ့ ပက်ဖျန်းတဲ့ ရေဒဏ်ကိုပါ ခံနိုင်ရည်ရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သာမန်မှန်သားဖုန်းတွေထက် ပြုတ်ကျဒဏ်ကို ပိုပြီးခံနိုင်အောင် အထူးခိုင်ခံ့အောင်လုပ်ထားတဲ့ ဖရိမ်ကို သုံးထားတယ်လို့လည်း Honor က အသားပေးပြောထားပါတယ်။

အားခံနိုင်မှုအပိုင်းမှာလည်း စိတ်ပူစရာမရှိပါဘူး။ ဖုန်းထဲမှာ 8,300mAh ရှိတဲ့ silicon-carbon ဘက်ထရီကြီးကို ထည့်သွင်းပေးထားပြီး ဒါဟာ သာမန်စမတ်ဖုန်းတွေမှာ တွေ့မြင်ရခဲတဲ့ ဘက်ထရီအရွယ်အစားကြီးတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းကို ရက်ပေါင်းများစွာ အားသွင်းစရာမလိုဘဲ သုံးနိုင်မှာဖြစ်ပါတယ်။

ဒီဇိုင်းပိုင်းမှာတော့ Honor က ရင်းနှီးပြီးသားပုံစံကိုပဲ သုံးထားပေမဲ့ အရောင်အသစ်တွေ ထပ်ထည့်ပေးထားပါတယ်။ X70 မှာပါတဲ့ အညိုရောင် (reddish brown) ပြန်လည်ပါဝင်လာပြီး Sunlight Gold ဆိုတဲ့ ရွှေရောင်အသစ်တစ်မျိုးလည်း ရွေးချယ်နိုင်မှာပါ။ ကင်မရာပိုင်းမှာလည်း အဆင့်မြှင့်ထားတာတွေရှိပါတယ်- X70 ရဲ့ 50MP main camera အစား X9d မှာတော့ OIS ပါဝင်တဲ့ 108MP primary sensor ကို သုံးထားမယ်လို့ သတင်းထွက်နေပါတယ်။ ဒါဟာ ဓာတ်ပုံအသေးစိတ်နဲ့ အလင်းရောင်နည်းတဲ့နေရာမှာ ရိုက်ကူးရတာကို ကြိုက်တဲ့သူတွေအတွက်တော့ တော်တော်မိုက်ပါတယ်။

ဖုန်းရဲ့ အသေးစိတ်အချက်အလက်အပြည့်အစုံကိုတော့ မိတ်ဆက်ပွဲကျမှ သိရမှာပါ။ ဒါပေမဲ့ သူ့ရဲ့ အကြမ်းခံတဲ့ကိုယ်ထည်၊ ကြီးမားတဲ့ဘက်ထရီနဲ့ အဆင့်မြှင့်ထားတဲ့ ကင်မရာတွေကြောင့် X9d ဟာ အကြမ်းခံဖုန်းတွေကိုမှ ကြိုက်တဲ့ mid-range ဈေးကွက်မှာတော့ ပြိုင်ဘက်ကောင်းတစ်ယောက် ဖြစ်လာမှာ သေချာပါတယ်။

Ref : gizmochina