ဂျပန်နိုင်ငံ အလယ်ပိုင်းက မြို့တစ်မြို့မှာတော့ တစ်ရက်ကို စမတ်ဖုန်း ၂ နာရီပဲ သုံးခွင့်ပေးတော့ပါတယ်။  မြို့တော်ကောင်စီက မြို့ခံတွေအနေနဲ့ အလုပ်နဲ့ ကျောင်းချိန်ပြင်ပမှာ စမတ်ဖုန်း၊ ဗီဒီယိုဂိမ်းစက်နဲ့ တခြားဒစ်ဂျစ်တယ်ပစ္စည်းတွေကို တစ်နေ့ နှစ်နာရီထက် ပိုမသုံးကြဖို့ အကြံပြုတဲ့ စည်းမျဉ်းတစ်ခုကို တနင်္လာနေ့က အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစည်းမျဉ်းကို မလိုက်နာရင်လည်း အပြစ်ပေး အရေးယူမှာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

Japanese Mobile Phone Users Distrustful of Profit-Hungry Operators |  Nippon.com

Aichi ခရိုင်၊ Toyoake မြို့မှာ ပြဋ္ဌာန်းလိုက်တဲ့ အဲဒီစည်းမျဉ်းဟာ နည်းပညာကို အလွန်အကျွံသုံးစွဲခြင်းရဲ့ ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါဟာ ဂျပန်နိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ပြဋ္ဌာန်းတဲ့ စည်းမျဉ်းမျိုးလို့လည်း ယုံကြည်ရပါတယ်။ အဲဒီစည်းမျဉ်းဟာ အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။

Page 12 | Mobile japan Images - Free Download on Freepik

စမတ်ဖုန်း၊ တက်ဘလက်နဲ့ တခြားဒစ်ဂျစ်တယ်ပစ္စည်းတွေရဲ့ လိုအပ်ချက်ကို အသိအမှတ်ပြုပေမယ့် အဲဒီစည်းမျဉ်းက ဗီဒီယိုတွေကို အလွန်အကျွံကြည့်ရှုခြင်းဟာ အိပ်ရေးပျက်တာနဲ့ မိသားစုဝင်တွေကြား အပြန်အလှန်ဆက်ဆံရေး နည်းပါးလာတာလိုမျိုး အန္တရာယ်ရှိတဲ့ သက်ရောက်မှုတွေ ရှိနိုင်တယ်လို့ သတိပေးထားပါတယ်။

စည်းမျဉ်းအရ မူလတန်းကျောင်းသားတွေကို ည ၉ နာရီနောက်ပိုင်း စမတ်ဖုန်းအသုံးမပြုဖို့နဲ့ အလယ်တန်းကျောင်းသားနဲ့အထက်ကိုတော့ ည ၁၀ နာရီနောက်ပိုင်း အသုံးမပြုဖို့ တိုက်တွန်းထားပါတယ်။ အသက် ၁၈ နှစ်အောက် ကလေးအားလုံးအတွက် “လုံလောက်တဲ့ အိပ်စက်ခြင်းဟာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တယ်” လို့လည်း အဲဒီစည်းမျဉ်းမှာ ဖော်ပြထားပါတယ်။

အဲဒီစည်းမျဉ်းက အုပ်ထိန်းသူတွေကို ပစ္စည်းအသုံးပြုမှုနဲ့ ပတ်သက်ပြီး အိမ်တွင်းစည်းကမ်းတွေ သတ်မှတ်ဖို့ တိုက်တွန်းထားပြီး မြို့တော်အာဏာပိုင်တွေကလည်း မိဘတွေဆီက တိုင်ပင်ဆွေးနွေးမှုတွေကို လက်ခံမယ့် စနစ်တစ်ခု ထူထောင်သွားမယ်လို့ ကတိပြုထားပါတယ်။

Toyoake မြို့တော်ဝန် Masafumi Kouki က Kyodo News ကို ပြောကြားရာမှာ မြို့တော်အာဏာပိုင်တွေက ဒီစည်းမျဉ်းထဲက စမတ်ဖုန်းအသုံးပြုချိန် ကန့်သတ်ချက်ကို ကျန်းမာရေး၊ အလုပ်သမားနဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနရဲ့ ကျန်းမာစွာအိပ်စက်ခြင်းဆိုင်ရာ လမ်းညွှန်ချက်တွေအပေါ် အခြေခံခဲ့တယ်လို့ ဆိုပါတယ်။ သာမန်ရက်တွေမှာ ပျမ်းမျှအသုံးပြုချိန်ကို နှစ်နာရီအဖြစ် တွက်ချက်ခဲ့ပြီး ဒီထက်ကျော်လွန်ရင် အိပ်ရေးပျက်စေနိုင်တယ်လို့ ကောက်ချက်ချခဲ့တာ ဖြစ်ပါတယ်။

Ref : Bangkokpost