သတင်းများစွာထွက်နေတဲ့Xiaomi 17 Pro နဲ့ Pro Max ဖုန်းတွေဟာ ကြေညာလိုက်ပြီ ဖြစ်ပြီး ထူးခြားတာက အနောက်ဘက်မှာ Display အပိုတစ်ခု ပါလာပါတယ်။

 Xiaomi 17 Pro

Xiaomi 17 Pro မှာ 2.7 လက်မ secondary display ပါဝင်ပြီး 904 x 572px resolution၊ 120Hz refresh rate နဲ့ 3,500 nits အထိ တောက်ပမှု ရှိပါတယ်။ အဲဒီ display ကို selfie ရိုက်တာ၊ သီချင်းဖွင့်တာ၊ timer သတ်မှတ်တာ၊ message နဲ့ ဖုန်း call တွေကြည့်တာ၊ notification စစ်တာတွေ လုပ်နိုင်ပါတယ်။ wallpaper တွေထားနိုင်သလို retro case အသစ်နဲ့တွဲပြီး ဂိမ်းစက်လေးတစ်ခုလိုလည်း သုံးနိုင်ပါတယ်။

The Xiaomi 17 Pro has a 6.3” 1-120Hz LTPO displays

ရှေ့မျက်နှာပြင်က ၆.၃ လက်မ LTPO panel ဖြစ်ပြီး 1-120Hz refresh rate, 3,500 nits တောက်ပမှုရှိကာ Xiaomi Dragon Crystal Glass နဲ့ ကာကွယ်ထားပါတယ်။ Snapdragon 8 Elite Gen 5 ကိုသုံးထားပြီး 12GB/16GB RAM နဲ့ 256GB/512GB/1TB storage တွေနဲ့ တွဲဖက်ထားပါတယ်။ အပူထိန်းစနစ်အတွက် 4,637mm² vapor chamber လည်း ပါဝင်ပါတယ်။

The Xiaomi 17 Pro is powered by the Snapdragon 8 Elite Gen 5 and a 6,300mAh battery

ဖုန်းအရွယ်အစား သေးပေမယ့် 6,300mAh ဘက်ထရီ ပါဝင်ပါတယ်။ 100W ကြိုးတပ်အားသွင်းစနစ်၊ 50W ကြိုးမဲ့အားသွင်းစနစ်နဲ့ 22.5W reverse charging (ကြိုးနဲ့ရော ကြိုးမဲ့ပါ) ကို ထောက်ပံ့ပေးထားပါတယ်။ Surge G2 chip ကြောင့် အားသွင်းအကြိမ် ၂,၀၀၀ နောက်ပိုင်းမှာတောင် ဘက်ထရီစွမ်းဆောင်ရည် ၈၀% အထက်ရှိနေမှာဖြစ်ပါတယ်။

The Xiaomi 17 Pro has a triple 50MP camera with a new periscope lens

ကျောဘက်မှာ 1/1.28” Light Fusion 950L sensor ကိုသုံးထားတဲ့ f/1.67 OIS ပါ Leica Summilux အဓိကကင်မရာ၊ 102° 50MP ultra-wide ကင်မရာနဲ့ 3D ToF sensor တို့ပါဝင်ပါတယ်။ floating prism ဒီဇိုင်းအသစ်ကြောင့် 5x periscope telephoto ကင်မရာကို တပ်ဆင်ထားနိုင်ပြီး 20cm အကွာအဝေးကနေ macro ပုံတွေ ရိုက်ကူးနိုင်ပါတယ်။ Selfie ကင်မရာကိုတော့ 50MP အထိ အဆင့်မြှင့်ထားပါတယ်။

 Xiaomi 17 Pro Max

Xiaomi 17 Pro Max မှာ ၆.၉ လက်မ 1-120Hz LTPO display ပါဝင်ပြီး Pro နဲ့အလားတူ 3,500 nits တောက်ပမှုရှိပါတယ်။ ကျောဘက်က secondary display ကတော့ Pro ထက်နည်းနည်းပိုကြီးတဲ့ ၂.၉ လက်မ (976 x 596px) ဖြစ်ပါတယ်။

The Xiaomi 17 Pro Max has a 6.9” 1-120Hz main and a 2.9” secondary display

Snapdragon 8 Elite Gen 5 ကိုပဲသုံးထားပြီး အပူထိန်းစနစ်က 5,533mm² vapor chamber နဲ့ ပိုကြီးပါတယ်။ 12GB/16GB RAM နဲ့ 512GB/1TB storage option တွေ ရနိုင်ပါတယ်။ 7,500mAh ဘက်ထရီကြီး ပါဝင်ပြီး 100W ကြိုးတပ်၊ 50W ကြိုးမဲ့နဲ့ 22.5W reverse charging တွေကို ထောက်ပံ့ပေးထားပါတယ်။

The Xiaomi 17 Pro Max has a massive 7,500mAh battery with 100W wired and 50W wireless charging

အဓိကကင်မရာ၊ ultra-wide ကင်မရာနဲ့ selfie ကင်မရာတွေဟာ 17 Pro နဲ့ တူညီပါတယ်။ ဒါပေမဲ့ telephoto ကင်မရာမှာတော့ ပိုကြီးတဲ့ 1/2” sensor ကိုသုံးထားပြီး f/2.6 aperture နဲ့ ပိုကျယ်ပါတယ်။ macro ရိုက်ကူးမှုကတော့ 30cm အကွာအဝေးကနေ ရိုက်ရမှာဖြစ်ပါတယ်။

The Xiaomi 17 Pro Max has an improved 5x 50MP periscope

ဖုန်းနှစ်မျိုးလုံးဟာ IP68 ရေနဲ့ဖုန်ဒဏ် ခံနိုင်ရည်ရှိပါတယ်။ Pro မော်ဒယ်က ရေအနက် ၄ မီတာမှာ ခံနိုင်ပြီး Pro Max ကတော့ ၆ မီတာအထိ ခံနိုင်ပါတယ်။ ဖုန်းနှစ်မျိုးလုံးကို တရုတ်နိုင်ငံမှာ စတင်ရောင်းချနေပြီဖြစ်ပါတယ်။ ဈေးနှုန်းတွေကို အောက်မှာ ကြည့်နိုင်ပါတယ်။

Ref : gsmarena