လူမှုကွန်ရက်မှာ နာမည်ကြီးချင်တဲ့ ရုရှားလူမျိုး Content Creator တစ်ဦးဟာ ထိုင်းနိုင်ငံ ဖူးခက်မှာ မဖွယ်မရာ ဗီဒီယိုရိုက်ကူးခဲ့တာကြောင့် ထိုင်းအာဏာပိုင်တွေရဲ့ အရေးယူမှုကို ချက်ချင်းခံခဲ့ရပါတယ်။ Instagram မှာ Follower သိန်းချီရှိတဲ့ Georgii ဆိုတဲ့ အဲဒီ Content Creator ဟာ ရွေ့လျားနေတဲ့ ထရပ်ကားအနောက်မှာ ထိုင်းအမျိုးသမီး တစ်ဦးနဲ့ လိင်ဆက်ဆံဟန်ပြုနေတဲ့ ဗီဒီယိုကို လူမြင်ကွင်းမှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ ထိုင်းယဉ်ကျေးမှုကို အလွန်အမင်း မလေးစားရာရောက်တယ်ဆိုပြီး ပြည်သူတွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုကို ချက်ချင်း ခံခဲ့ရပါတယ်။

စုံစမ်းမေးမြန်းမှုတွေအရ အဲဒီ Content Creator ဟာ ထိုင်းနိုင်ငံနဲ့ တခြားနိုင်ငံတွေမှာ အခုလိုမျိုး လိင်ဆက်ဆံတဲ့ ဗီဒီယိုတွေကို မကြာခဏ ဖန်တီးလေ့ရှိသူတစ်ဦး ဖြစ်တယ်ဆိုတာကို သိခဲ့ရပါတယ်။ ဒီဗီဒီယိုအတွက် သူနဲ့အတူ သရုပ်ဆောင်ပေးဖို့ ထိုင်းအမျိုးသမီးတစ်ဦးကို ဘတ်ငွေ ၁,၀၀၀ နဲ့ ငှားရမ်းခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဗီဒီယိုကြောင့် အွန်လိုင်းမှာ ဝေဖန်မှုတွေ မြင့်တက်လာတဲ့အခါ သုဝဏ္ဏဘူမိ လေဆိပ်ကနေတစ်ဆင့် နိုင်ငံခြားကို ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ ထိုင်းရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးတို့က လေဆိပ်မှာအချိန်မီ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

Naked couple caught having sex while standing in the back of a speeding pickup truck - Daily Star

သူ့ရဲ့ နာမည်ကြီးလိုစိတ်တစ်ခုတည်းနဲ့ ဖန်တီးခဲ့တဲ့ content ရဲ့ နောက်ဆက်တွဲအကျိုးဆက်ကတော့ အလွန်ပြင်းထန်ပါတယ်။ ထိုင်းအာဏာပိုင်တွေဟာ သူ့ရဲ့ ဗီဇာကို ချက်ချင်းပယ်ဖျက်ခဲ့ပြီး ထိုင်းနိုင်ငံထဲကို တစ်သက်လုံး ဝင်ခွင့်မရှိတဲ့ အမည်မည်းစာရင်း (blacklist) ထဲကို ထည့်သွင်းလိုက်ပါတယ်။ တရားစွဲဆိုမှုတွေ ပြီးစီးသွားတာနဲ့ သူ့ကို နိုင်ငံထဲကနေ ချက်ချင်းနှင်ထုတ်သွားမှာဖြစ်ပြီး သူနဲ့အတူ ဗီဒီယိုရိုက်ကူးခဲ့တဲ့ ထိုင်းအမျိုးသမီးလည်း အမှုရင်ဆိုင်နေရပါတယ်။

ဒီဖြစ်ရပ်ဟာ ထိုင်းနိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေတဲ့ content တွေကို ဖန်တီးဖို့ကြိုးစားတဲ့ တခြား Content Creator တွေနဲ့ နိုင်ငံခြားသားတွေအတွက် ပြင်းထန်တဲ့ သတိပေးချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ထိုင်းဥပဒေနဲ့ ယဉ်ကျေးမှုကို မလေးစားတဲ့ ဘယ်လို နိုင်ငံခြားသားမျိုးကိုမဆို ချက်ချင်းဖမ်းဆီးတာ၊ ဗီဇာပယ်ဖျက်တာနဲ့ နိုင်ငံထဲကို ဝင်ခွင့် ပိတ်ပင်တာမျိုးတွေ လုပ်ဆောင်သွားမယ်လို့ အတိအလင်း ကြေညာထားပါတယ်။

Ref: Nation Thailand