Sydney အခြေစိုက် startup တစ်ခုဖြစ်တဲ့ Crest Robotics က Earthbuilt Technology နဲ့ ပူးပေါင်းပြီး Charlotte လို့ အမည်ပေးထားတဲ့ ပင့်ကူပုံစံ စက်ရုပ်တစ်ရုပ်ကို ဖန်တီးခဲ့ပါတယ်။
ခြေထောက် ၆ ချောင်းပါတဲ့ အဲဒီစက်ရုပ်ဟာ သဘာဝကုန်ကြမ်းပစ္စည်းတွေကို အသုံးပြုပြီး စတုရန်းမီတာ ၂၀၀ ကျယ်တဲ့ အိမ်တစ်လုံးရဲ့ နံရံတွေကို တစ်ရက်အတွင်း 3D-print လုပ်နိုင်ဖို့ ဒီဇိုင်းထုတ်ထားပါတယ်။
ပေါ့ပါးပြီး ခေါက်သိမ်းနိုင်တဲ့ Charlotte ကို လွယ်ကူစွာ သယ်ယူပို့ဆောင်နိုင်ဖို့နဲ့ ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်တွေမှာ အလိုအလျောက်လည်ပတ်နိုင်ဖို့ တည်ဆောက်ထားပါတယ်။
Crest Robotics ဟာ ဒေသမြေကို အသုံးပြုပြီး လပေါ်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ပြင်ဆင်အသုံးချတာအပါအဝင် အဲဒီစက်ရုပ်ရဲ့ နည်းပညာကို တိုးမြှင့်ဖို့အတွက် NSW အစိုးရရဲ့ Spark Space+ အစီအစဉ်ကနေ ဒေါ်လာ ၅၀၀,၀၀၀ ထောက်ပံ့ကြေး ရရှိခဲ့ပါတယ်။
ကမ္ဘာမြေနဲ့ အာကာသ နှစ်ခုလုံးအတွက် ဒီဇိုင်းထုတ်ထားတဲ့ Charlotte ဟာ ကုန်ကျစရိတ်နည်းပြီး ကာဗွန်ထုတ်လွှတ်မှုနည်းတဲ့ အိမ်ရာတွေကို ပံ့ပိုးပေးဖို့ ရည်ရွယ်ထားပြီး တစ်နေ့မှာ လပေါ်က နေထိုင်စရာတွေကို ဖန်တီးရာမှာလည်း ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
Ref : Technology Innovation