ပထမဆုံး Samsung Galaxy S ဖုန်းကို လွန်ခဲ့တဲ့ ၁၅ နှစ်အကြာက ကြေညာခဲ့တာဖြစ်ပြီး အဲဒီအချိန်ကစလို့ စမတ်ဖုန်းဓာတ်ပုံပညာမှာ အများကြီး ပြောင်းလဲသွားခဲ့ပါတယ်။

Infographic] 15 Years of Leading Smartphone Camera Technology: A History of Galaxy  Camera Innovation – Samsung Newsroom South Africa

အဲဒီ မူလ S ဖုန်းမှာ 720p video ရိုက်ကူးနိုင်တဲ့ 5MP ကင်မရာတစ်လုံး ပါဝင်ခဲ့ပါတယ်။ နောက်ဆုံးထွက် Galaxy S25 Ultra မှာတော့ 200MP ကင်မရာနဲ့ 8K video (4320p) ကို ရိုက်ကူးနိုင်ပါတယ်။ တစ်နည်းပြောရရင် ရုပ်ငြိမ်ဓာတ်ပုံတွေရဲ့ resolution က အဆ ၄၀ တိုးလာခဲ့ပြီး video ရိုက်ကူးမှုမှာတော့ pixel အရေအတွက်က ၃၆ ဆ ပိုများလာခဲ့ပါတယ်။

ဒါက main camera တစ်ခုတည်းကိုပဲ ပြောတာဖြစ်ပါတယ် – ၂၀၁၀ နောက်ပိုင်း အကြီးမားဆုံး ပြောင်းလဲမှုတွေထဲက တစ်ခုကတော့ ကင်မရာအရေအတွက် တိုးပွားလာတာပဲ ဖြစ်ပါတယ်။ S25 Ultra ရဲ့ ကျောဘက်မှာ ကင်မရာလေးလုံးပါဝင်ပြီး အဲဒီအထဲမှာ 50MP ultra-wide အသစ်တစ်လုံး၊ 50MP 5x/111mm periscope တစ်လုံးနဲ့ 10MP 3x/67mm mid-range telephoto ကင်မရာတစ်လုံးတို့ ပါဝင်ပါတယ်။

Galaxy S series က ၁၅ နှစ်အတွင်း ယူဆောင်လာခဲ့တဲ့ ကင်မရာပိုင်းဆိုင်ရာ တိုးတက်မှုတွေနဲ့ ဆန်းသစ်တီထွင်မှုတွေကို ဖော်ပြထားတဲ့ infographic တစ်ခုကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Infographic details 15 years of Samsung camera innovations: from the original Galaxy S to today

Ref : gsmarena