တရုတ် က လူသားဆရာဝန်တွေမပါဘဲ အလုပ်လုပ်တဲ့ ခေတ်မီဆေးကုသရေးစက်လေးတွေကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီစက်တွေက သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်းနဲ့ တခြားအခြေခံစစ်ဆေးမှုတွေအတွက် ဆန်ဆာ (sensor) တွေကို အသုံးပြုပြီး လူနာရဲ့ ကျန်းမာရေးကို စစ်ဆေးပေးပါတယ်။
ပြီးရင်တော့ AI ဒါမှမဟုတ် အဝေးရောက်ဆေးကုသမှုစနစ်တွေကို အသုံးပြုပြီး ကနဦးရောဂါရှာဖွေ သတ်မှတ်ချက်ပေးပါတယ်။ ကုသမှုက သင့်တော်တယ်ဆိုရင် အဲဒီစက်က စက်ထဲမှာ တပ်ဆင်ထားတဲ့ ဆေးဝါးထုတ်ပေးတဲ့စနစ်ကနေတစ်ဆင့် အသုံးများတဲ့ ဆေးဝါးတွေကို အလိုအလျောက် ထုတ်ပေးနိုင်ပါတယ်။
ဒါက လူနာတွေကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို အမြန်ဆုံးရရှိအောင် ကူညီပေးပြီး လူတွေပြည့်ကျပ်နေတဲ့ ဆေးရုံတွေရဲ့ ဖိအားကိုလည်း လျှော့ချပေးပါတယ်။ အဲဒီလိုစက်တွေကို ဆေးရုံတွေ၊ သယ်ယူပို့ဆောင်ရေးအချက်အချာကျတဲ့နေရာတွေနဲ့ လူစည်ကားတဲ့နေရာတွေမှာ ထားရှိပြီး လူတွေကို ပိုမြန်မြန်ဆန်ဆန်နဲ့ သက်သာတဲ့ဈေးနှုန်းနဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။
Ref : Technology Innovation