Doogee က Fire 5 ကို ပြီးခဲ့တဲ့လမှာ မိတ်ဆက်ခဲ့ပြီး အခုလမှာ အဲဒီစီးရီးထဲက Doogee Fire 5 Pro နဲ့ Doogee Fire 5 Ultra ဆိုတဲ့ မော်ဒယ်အသစ်နှစ်မျိုး ထပ်မံကြေညာမယ်လို့ သတင်းရထားပါတယ်။ အဲဒီစမတ်ဖုန်းနှစ်မျိုးလုံးရဲ့ ဓာတ်ပုံတွေနဲ့ အသေးစိတ်အချက်အလက်တွေကို ယုံကြည်ရတဲ့ သတင်းရင်းမြစ်တစ်ခုဆီကနေ ရရှိထားပါတယ်။
Doogee Fire 5 Pro နဲ့ Fire 5 Ultra တို့ဟာ အခြေခံအားဖြင့် တူညီတဲ့ဖုန်းတွေဖြစ်ပြီး အဓိက ကွာခြားချက်တွေကတော့ Ultra မော်ဒယ်မှာ camping မီးတွေ ပါဝင်တာနဲ့ resolution ပိုမြင့်တဲ့ ပင်မကင်မရာကို သုံးထားတာပဲ ဖြစ်ပါတယ်။
Doogee Fire 5 Ultra ရဲ့ ကျောဘက်မှာ 1,200 lm အလင်းအားရှိတဲ့ camping မီးလုံးနှစ်လုံး ပါဝင်ပါတယ်။ ၈ မီတာအထိ အလင်းပေးနိုင်တဲ့ အဲဒီမီးလုံးတွေကို camping သွားတဲ့အခါ အသုံးပြုနိုင်တဲ့အပြင် SOS mode သုံးမျိုးပါဝင်တဲ့အတွက် flash မီး ဒါမှမဟုတ် SOS အချက်ပြမီးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။
Doogee Fire 5 Ultra ရဲ့ ပင်မကင်မရာမှာ 48MP OmniVision OV48B2Q sensor ကို သုံးထားပြီး 8GB RAM နဲ့ 256GB storage ပါဝင်ပါတယ်။ microSD card ကနေ 2TB အထိ ထပ်တိုးနိုင်ပါတယ်။
Doogee Fire 5 Ultra ရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေကတော့ Helio G81 SoC, Android 15, 6.6 လက်မ HD+ 90Hz LCD မျက်နှာပြင်၊ 8MP selfie ကင်မရာ (Sony IMX355) နဲ့ 13,000 mAh ဘက်ထရီတွေ ပါဝင်ပါတယ်။ အဲဒီဘက်ထရီက 18W wired charging နဲ့ 5W reverse wired charging ကို ထောက်ပံ့ပေးပါတယ်။
ဒါ့အပြင် Doogee Fire 5 Ultra မှာ ဘေးဘက်လက်ဗွေစနစ်၊ စိတ်ကြိုက်သုံးနိုင်တဲ့ခလုတ် (customizable key)၊ NFC နဲ့ သီးသန့် microSD card ထည့်တဲ့နေရာတွေလည်း ပါဝင်ပါတယ်။ အဲဒီစမတ်ဖုန်းဟာ MIL-STD-810H certification နဲ့ IP68, IP69K ရေစိုခံ၊ ဖုန်တင်ခံ အဆင့်သတ်မှတ်ချက်တွေလည်း ရရှိထားပါတယ်။
Doogee Fire 5 Pro အကြောင်းကို ပြောကြရအောင်။ Pro နဲ့ Ultra မော်ဒယ်တွေဟာ အခြေခံအားဖြင့် တူညီတဲ့ စမတ်ဖုန်းတွေဖြစ်တယ်လို့ အပေါ်မှာ ပြောခဲ့ပြီး ဖြစ်ပါတယ်။ Fire 5 Pro မှာ camping မီးတွေ မပါဝင်ဘဲ 13MP ပင်မကင်မရာ (Samsung ISOCELL S5K3L6) ကို သုံးထားပြီး 4GB RAM နဲ့ 128GB storage ပါဝင်ပါတယ်။
စမတ်ဖုန်းနှစ်မျိုးလုံးကို Forest Green, Blaze Orange နဲ့ Twilight Gray အရောင်တွေနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။
Doogee Fire 5 Pro ကို ဒေါ်လာ $169.99 နဲ့ ရောင်းချမှာဖြစ်ပြီး Doogee Fire 5 Ultra ကတော့ ဒေါ်လာ $199.99 ကျသင့်မှာ ဖြစ်ပါတယ်။
Ref : gsmarena