ဖင်လန် နိုင်ငံဟာ ကမ္ဘာ့ပထမဆုံးဖြစ်တဲ့ အင်ဂျင်နဲ့ဘီးတွေမပါဝင်တဲ့ သံလိုက်အားနဲ့ ပျံဝဲရွေ့လျားတဲ့ ကုန်စည်ပို့ဆောင်ရေးစနစ်တစ်ခုကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။ အမြန်နှုန်းက တစ်နာရီကို ကီလိုမီတာ ၅၀၀ ကျော်နှုန်းအထိ ရှိတဲ့အတွက် တော်တော်မိုက်ပါတယ်။ iTechBus ရဲ့ ဖော်ပြချက်အရ အဲဒီစီမံကိန်းကို ဖင်လန် နိုင်ငံရဲ့ VTT Technical Research Centre က တီထွင်ခဲ့တာဖြစ်ပြီး Oulu မြို့မှာ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

Finland is testing revolutionary freight transport. Capsules without engines  float at speeds of over 500 km/h. | Itechbus.com

အဲဒီစနစ်မှာ အပူချိန်မြင့်မားတဲ့ စူပါလျှပ်ကူးပစ္စည်း (superconductors) တွေကို အသုံးပြုထားပြီး အဲဒီပစ္စည်းတွေကို အအေးခံကာ သံလိုက်လမ်းကြောင်းပေါ်မှာ ထားလိုက်တဲ့အခါ တည်ငြိမ်ပြီး ပွတ်တိုက်မှုမရှိတဲ့ ပျံဝဲမှုကို ဖြစ်ပေါ်စေပါတယ်။ အဲဒီနည်းပညာကြောင့် အင်ဂျင်တွေ၊ ဘီးတွေ မလိုအပ်တော့ဘဲ ဆူညံသံလည်း လုံးဝနီးပါး မရှိတော့ပါဘူး။

Five myths about Finland | Visit Finland

သာမန်မော်တာတွေအစား လေလုံပိတ် လေဟာနယ်ပြွန်အတွင်းက လေဖိအားအနည်းငယ် ကွာခြားမှုကို အသုံးပြုပြီး ကုန်စည်သယ်ဆောင်တဲ့ capsule တွေကို ရှေ့ကိုရွေ့လျားစေတာနဲ့ ဘရိတ်အုပ်တာတွေ ပြုလုပ်ပါတယ်။ ဒီနည်းလမ်းကြောင့် အဲဒီစနစ်ဟာ လျှပ်စစ်ရထားတွေနဲ့ ကုန်တင်လေယာဉ်တွေထက် စွမ်းအင်အသုံးပြုမှုကို ၈၀% အထိ ပိုမိုသက်သာစေပါတယ်။ အဲဒီ capsule တွေမှာ လေအေးပေးစနစ်လည်း တပ်ဆင်ထားပြီး အပူချိန်နဲ့ စိုထိုင်းဆကို အမြဲတမ်း ပုံမှန်အတိုင်း ထိန်းသိမ်းပေးထားပါတယ်။ ဒါကြောင့် ဆေးဝါးတွေ၊ အီလက်ထရွန်နစ်ပစ္စည်းတွေနဲ့ အစားအသောက်တွေလို ထိခိုက်လွယ်တဲ့ ကုန်ပစ္စည်းတွေကို သယ်ဆောင်ဖို့အတွက် အထူးသင့်တော်ပါတယ်။

၁၀ ကီလိုမီတာရှည်တဲ့ လမ်းပိုင်းမှာ အဲဒီစမ်းသပ်မောင်းနှင်မှုကို ပြုလုပ်ခဲ့ပြီး တည်ငြိမ်စွာ ပျံဝဲနိုင်မှုနဲ့အတူ တစ်နာရီကို ၅၂၀ ကီလိုမီတာအထိ အမြန်နှုန်းကို ရရှိခဲ့ပါတယ်။ ကျွမ်းကျင်သူတွေက ဒီနည်းပညာဟာ ကာဗွန်ထုတ်လွှတ်မှုမရှိဘဲ အလွန်မြန်ဆန်ပြီး ပြုပြင်ထိန်းသိမ်းမှုကုန်ကျစရိတ်နည်းတဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးစနစ်တစ်ခုဖြစ်တာကြောင့် ကမ္ဘာ့ကုန်စည်ပို့ဆောင်ရေးလောကကို ပြောင်းလဲပစ်နိုင်မယ်လို့ ယုံကြည်နေကြပါတယ်။

Ref : Technology Innovation