Redmi Turbo 5 သတင်းတွေ တရုတ်မှာ ထွက်လာပြီး မကြာခင်မှာ မိတ်ဆက်လာဖို့ မျှော်လင့်ရပါတယ်။ Digital Chat Station က သူ့ရဲ့ အဓိကအချက်အလက်တချို့ကို ဖော်ပြလိုက်ပါတယ်။

Redmi Turbo 5 မှာ  ပြားချပ်တဲ့ OLED panel တစ်ခု ပါဝင်လာမှာ ဖြစ်ပါတယ်။ screen က 1.5K resolution ကို ထောက်ပံ့ပေးမှာဖြစ်ပြီး ultrasonic in-screen fingerprint sensor တစ်ခု ပါဝင်လာမှာ ဖြစ်ပါတယ်။ Redmi Turbo 4 မှာ optical in-screen fingerprint sensor သုံးခဲ့တဲ့အတွက် မော်ဒယ်အသစ်မှာ များစွာ တိုးတက်လာမှာပါ။

Redmi Turbo 5 ရဲ့ chipset အကြောင်းကို မပြောခဲ့ပေမယ့် 100W charging နဲ့ တွဲဖက်ထားတဲ့ ကြီးမားတဲ့ 9,000mAh silicon battery တစ်လုံး ပါဝင်လာမယ်လို့ သိရပါတယ်။  အဲဒီဖုန်း မှာ အပြည့်အဝရေစိုခံနိုင်တဲ့စနစ် ပါဝင်လာဦးမှာဖြစ်ပြီး ဒါက IP68/69 rating နဲ့ ထွက်လာနိုင်တာကို ညွှန်းဆိုနေပါတယ်။

Redmi Turbo 5 ကို Dimensity 8500 Ultra chipset နဲ့ အားဖြည့်ထားနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။ အဲဒီ chip ကို Reno 15 Pro မှာ ပထမဆုံး မြင်တွေ့ရနိုင်တယ်လို့ သုံးသပ်ကြပြီး အဲဒီဖုန်းကတော့ နိုဝင်ဘာလမှာ မိတ်ဆက်ဖို့ မျှော်လင့်ရပါတယ်။

Redmi Turbo 5 ကို တရုတ်နိုင်ငံမှာ ၂၀၂၆ ခုနှစ်ရဲ့ ပထမသုံးလပတ်အတွင်း မိတ်ဆက်လာနိုင်ပါတယ်။ ကမ္ဘာ့ဈေးကွက်အတွက်တော့ အဲဒီဖုန်းကို Poco X8 Pro အဖြစ်နဲ့ မိတ်ဆက်လာနိုင်ပြီး အဲဒီအချိန်လောက်မှာပဲ ထွက်ရှိလာဖို့ မျှော်လင့်ရပါတယ်။

Ref : gizmochina