အမေရိကန် Michigan က အမျိုးသမီးတစ်ယောက် Powerball ကစားရာက ဒေါ်လာ ၁ သိန်း နိုင်သွားပါတယ်။ သူ့ရဲ့ ကံထူးတဲ့ နံပါတ်တွေကို ChatGPT က ရွေးပေးခဲ့တာ ဖြစ်ပါတယ်

Lucky Guy Apparently Wins Lottery With Numbers Provided by ChatGPT - Life

အသက် ၄၅ နှစ်အရွယ် Tammy Carvey ဟာ စက်တင်ဘာလ ၆ ရက်နေ့ ထွက်တဲ့ ထီမှာ ကံထူးသွားတာ ဖြစ်ပါတယ်။ “ထီဆုကြီးက အရမ်းများလာတဲ့အခါမှပဲ ကျွန်မ Powerball ကစားတာပါ၊ အခု ထီဆုကြီးက ဒေါ်လာ ၁ ဘီလီယံကျော်နေလို့ ကျွန်မ ထီတစ်စောင် ဝယ်ခဲ့တာ” လို့ Carvey က သူ့ရဲ့ဆုကို လာထုတ်ချိန်မှာ ပြောပါတယ်။

Woman Uses ChatGPT To Pick Lottery Numbers, Wins $100,000

လူတော်တော်များများက ထီကစားတဲ့အခါ ကိုယ်ရေးကိုယ်တာ အရေးပါတဲ့ ဒါမှမဟုတ် စိတ်ခံစားမှုအရ တန်ဖိုးရှိတဲ့ နံပါတ်တွေကို ရွေးချယ်ကြပေမယ့် Carvey ကတော့ မတူညီတဲ့ နည်းလမ်းကို သုံးခဲ့ပါတယ်။ အဲဒါက AI ဖြစ်ပါတယ်။

“ကျွန်မ ChatGPT ကို Powerball နံပါတ်တစ်စုံ တောင်းခဲ့တယ်။ အဲဒီနံပါတ်ကို ရှာပြီး ထိုးခဲ့တာပါ။ ” လို့ သူမက ရှင်းပြပါတယ်။

“ကံထူးတဲ့ နံပါတ်တွေကို ကျွန်မ စစ်ကြည့်တဲ့အခါ၊ အဖြူရောင်ဘောလုံးလေးလုံးနဲ့ Powerball နံပါတ်ကို တိုက်ဆိုင်နေတာ တွေ့တော့ တစ်ခုခုတော့ ပေါက်ပြီဆိုတာ ကျွန်မ သိလိုက်တယ်” လို့ သူမက ပြန်ပြောပြပါတယ်။ “Google က ကျွန်မကို အဲဒါ ဒေါ်လာ ၅၀,၀၀၀ ဆုလို့ ပြောတယ်၊ ဒါကြောင့် ကျွန်မ အဲဒီလောက်ပဲ နိုင်တယ် ထင်ခဲ့တာ။ ကျွန်မရဲ့ Michigan Lottery account ထဲကို ဝင်ကြည့်လိုက်တဲ့အခါကျမှ ကျွန်မရဲ့ လက်မှတ်မှာ Power Play ကို ထည့်ထားမိမှန်း သိလိုက်ပြီး တကယ်နိုင်တာက ဒေါ်လာ ၁၀၀,၀၀၀ ဖြစ်နေတာကို သိလိုက်ရတာ!”

“ကျွန်မရဲ့ ခင်ပွန်းနဲ့ ကျွန်မ နှစ်ယောက်လုံး လုံးဝ မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်” လို့ သူက ထပ်ပြောပါတယ်။

Carvey က သူ့ရဲ့ ထီပေါက်တဲ့ ငွေတွေနဲ့ အိမ်ပေါင်ထားတာကို ရွေးပြီး ကျန်တာတွေကို စုထားမယ်လို့ ပြောပါတယ်။

Ref : People