တရုတ်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး လေအားလျှပ်စစ် ထုတ်လုပ်နိုင်တဲ့ စွန်ကြီးတစ်ခုကို အောင်မြင်စွာ စမ်းသပ် အသုံးချလိုက်ပါတယ်။ ဒီစွန်ရဲ့ ရည်ရွယ်ချက်က မြေပြင်ပေါ်က သမားရိုးကျ လေရဟတ်တွေထက် ပိုပြီး ဈေးသက်သာတဲ့ လျှပ်စစ်ဓာတ်အားကို ရရှိဖို့အတွက် အမြင့်ပေမှာရှိတဲ့ စွမ်းအင်သိပ်သည်းဆများတဲ့ လေတွေကို အသုံးချဖို့ ဖြစ်ပါတယ်။ စတုရန်းမီတာ ၅,၀၀၀ (NBA ဘတ်စကတ်ဘောကွင်း ၁၁ ကွင်းစာ) ကျယ်ဝန်းတဲ့ ဒီစွန်ကြီးကို Inner Mongolia ဒေသမှာ စမ်းသပ်ခဲ့တာပါ။

During the tests, the 5,000 square-metre kite and two connected 1,200 square-metre kites were lifted into the air by helium balloon. (Photo: CCTV via South China Morning Post)

ဒီစနစ်ကို China Energy Engineering Corporation က ဦးဆောင် တီထွင်ခဲ့တာဖြစ်ပြီး လေထီးပုံစံ ရှိပါတယ်။ မြေပြင်ပေါ်မှာရှိတဲ့ ဂျင်နရေတာတစ်ခုနဲ့ ကြိုးနဲ့ ချိတ်ဆက်ထားပြီး မီတာ ၃၀၀ ကျော် အမြင့်မှာ ပျံသန်းနိုင်ပါတယ်။ စမ်းသပ်မှုအတွင်းမှာ ဒီစွန်အကြီးကြီးနဲ့ အခြား စွန်အသေးနှစ်ခုကို ဟီလီယမ် မိုးပျံပူဖောင်းတွေ အကူအညီနဲ့ အမြင့်ကို လွှတ်တင်ခဲ့ပြီး အောင်မြင်စွာ ဖြန့်ကျက်နိုင်၊ ပြန်လည် ရုပ်သိမ်းနိုင်ခဲ့ပါတယ်။ ဒီစမ်းသပ်မှုကနေ ရတဲ့ အချက်အလက်တွေက အနာဂတ် “လှေကားပုံ” လေစွမ်းအင်စနစ်အတွက် အရေးပါပါတယ်လို့ ဆိုပါတယ်။

China completes flight test for world's largest power-generating kite

ဒီစွန်တွေရဲ့ အကြီးမားဆုံး အားသာချက်ကတော့ မီတာ ၅,၀၀၀ ကျော်အမြင့်အထိ ပျံသန်းနိုင်တာ၊ သမားရိုးကျ မြေပြင် လေရဟတ်တွေနဲ့ နှိုင်းယှဉ်ရင် မြေအသုံးချမှုကို ၉၅% နဲ့ သံမဏိသုံးစွဲမှုကို ၉၀% အထိ လျှော့ချနိုင်တာပါပဲ။ ဒါ့အပြင် တစ်ကီလိုဝပ်နာရီ (unit) အတွက် လျှပ်စစ်ကုန်ကျစရိတ်ကို ၃၀% အထိ လျှော့ချနိုင်ပြီး ၁၀ မဂ္ဂါဝပ် စနစ်တစ်ခုက အိမ်ထောင်စု ၁၀,၀၀၀ ကျော်ကို တစ်နှစ်စာ ဓာတ်အား ပေးနိုင်မယ်လို့ နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။

အမြင့်ပေ လေစွမ်းအင်ဟာ လေတိုက်နှုန်း ပိုမြန်ပြီး စွမ်းအင်သိပ်သည်းဆ ပိုများတဲ့အတွက် အလားအလာ အလွန်ကောင်းတဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တစ်ခု ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ဒီစွန်စနစ်အပြင်၊ Xinjiang မှာ စမ်းသပ်ခဲ့တဲ့ S1500 လိုမျိုး လေထဲမှာ ပျံဝဲနေမယ့် တာဘိုင်စနစ်တွေကိုလည်း တစ်ပြိုင်နက်တည်း တီထွင်နေပါတယ်။ ဒါ့အပြင် ဒတ်ခ်ျကုမ္ပဏီ Kitepower လိုမျိုး တခြား နိုင်ငံတကာ ကုမ္ပဏီတွေကလည်း အလားတူ နည်းပညာတွေကို တီထွင်နေကြပါတယ်။

Ref : bangkokpost