Arizona အခြေစိုက် နက္ခတ်ဓာတ်ပုံဆရာ Andrew McCarthy က နေလုံးကြီးရဲ့ မျက်နှာပြင်ရှေ့တည့်တည့်မှာ Skydiver တစ်ယောက် ဖြတ်ကျနေသလို ထင်ရတဲ့ ပုံတစ်ပုံကို မျှဝေခဲ့ပါတယ်။

Astrophotographer snaps 'absolutely preposterous' photo of skydiver 'falling'  past the sun's surface | Live Science

McCarthy ကတော့ ဒီပုံဟာ AI နဲ့ လုပ်ထားတာ လုံးဝမဟုတ်ဘဲ တကယ့်အစစ်အမှန်ဖြစ်တယ်လို့ အာမခံထားပါတယ်။ သူကိုယ်တိုင်ကတောင် “ဒါဟာ ငါရိုက်ဖူးသမျှထဲမှာ အတုနဲ့ အတူဆုံး အစစ်ပုံပဲ” လို့ မှတ်ချက်ပေးထားပါတယ်။

Arizona astrophotographer Andrew McCarthy captures skydiver silhouetted  against sun | New York Post

“The Fall of Icarus” လို့ နာမည်ပေးထားတဲ့ ဒီပုံထဲကလူဟာ သူ့သူငယ်ချင်း Gabriel Brown ဖြစ်ပြီး Ultralight လေယာဉ်ပေါ်ကနေ ခုန်ချလိုက်တဲ့အချိန် (Free fall) မှာ နေရဲ့ လှုပ်ရှားမှုပြင်းထန်တဲ့ နေရာကို ဖြတ်သန်းသွားတာကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီပုံရဖို့အတွက် သဲကန္တာရထဲမှာ တယ်လီစကုပ်တွေ တပ်ဆင်ပြီး ကင်မရာနဲ့ နေကြားထဲမှာ Gabriel Brown ရောက်နေတဲ့ အချိန်ကို တိတိကျကျ ချိန်ကိုက် ဖမ်းယူခဲ့ရတာပါ။

ထူးခြားတာက ဒီပုံကို ရိုက်ကူးတဲ့အချိန်ဟာ နေရဲ့ လှုပ်ရှားမှုတွေ အပြင်းထန်ဆုံး ဖြစ်နေတဲ့အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ အဲဒီကာလမှာ ဒီနှစ်အတွက် အားအပြင်းဆုံး နေမီးတောက် (Solar Flare) ထွက်ပေါ်ခဲ့ပြီး Africa နဲ့ Europe ဒေသတချို့မှာ ရေဒီယိုလိုင်းတွေ ပြတ်တောက်တာမျိုးတောင် ဖြစ်ခဲ့ပါသေးတယ်။

Ref : Fossbytes