တရုတ်နိုင်ငံက စက်ရုပ် ကုမ္ပဏီ AgiBot ထုတ် လူတူ စက်ရုပ် A2 ဟာ Suzhou မြို့ Jinji Lake ကနေ Shanghai မြို့ Bund နေရာအထိ ၁၀၆ ကီလိုမီတာ (၆၅ မိုင်) ကို မရပ်မနား လမ်းလျှောက်ပြီး Guinness World Record စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

World record: China's humanoid robot walks 65 miles nonstop

စက်ရုပ်မှာ တပ်ဆင်ထားတဲ့ hot-swappable battery system ကြောင့် စက်ပိတ်စရာ မလိုဘဲ မြို့ထဲက လမ်းမတွေ၊ တံတားတွေ၊ တောင်ကုန်းအဆင်းအတက်တွေနဲ့ လူသွားလမ်းတွေကို ဖြတ်သန်းပြီး ယာဉ်စည်းကမ်းတွေ လိုက်နာကာ ခရီးစဉ်ကို ပြီးဆုံးအောင် လျှောက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

World record: China's humanoid robot walks 65 miles nonstop

Dual GPS ၊ LiDAR နဲ့ infrared sensor တွေ တပ်ဆင်ထားတဲ့ A2 ဟာ မီးပွိုင့်တွေ၊ လမ်းကျဉ်းတွေနဲ့ လူရှုပ်တဲ့ နေရာတွေကို နေ့ရောညပါ အဆင်ပြေပြေ ဖြတ်သန်းနိုင်ခဲ့ပါတယ်။

အရပ် ၅.၇၄ ပေ (၁၇၅ စင်တီမီတာ) မြင့်ပြီး အလေးချိန် ၅၅ ကီလိုဂရမ် (၁၂၁ ပေါင်) ရှိတဲ့ A2 ဟာ ပုံရိပ်၊ အသံနဲ့ စာသား အချက်အလက်တွေကို လုပ်ဆောင်ဖို့ AI နည်းပညာသုံး sensor တွေကို အသုံးပြုထားပါတယ်။ လမ်းလျှောက် ခရီးစဉ် ပြီးဆုံးချိန်မှာ စက်ရုပ်ရဲ့ ခြေဖဝါး အောက်ခြေမှာ အနည်းငယ် ပွန်းပဲ့တာကလွဲရင် ကျန်တာ အားလုံး အခြေအနေ ကောင်းမွန်နေဆဲ ဖြစ်ပါတယ်။

စက်ရုပ်က သတင်းထောက်တွေနဲ့ ခဏတာ တုံ့ပြန်စကား ပြောကြားခဲ့ပြီး ဒီစံချိန်တင် ခရီးစဉ်ဟာ “အမှတ်တရ ဖြစ်စရာ အတွေ့အကြုံ တစ်ခုပါ” လို့ ပြောကြားခဲ့ကြောင်း AgiBot က ဆိုပါတယ်။

Ref : Technology Innovation