Amazon ကုမ္ပဏီဟာ သူတို့ရဲ့ ဂြိုဟ်တုအင်တာနက် စီမံကိန်း Project Kuiper ကို Amazon Leo လို့ နာမည်ပြောင်းလဲလိုက်ပြီး အင်တာနက်အမြန်နှုန်း 1 Gbps အထိ ရရှိနိုင်မယ့် Leo Ultra တာမီနယ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီကိရိယာဟာ လုပ်ငန်းသုံးအဆင့် ဟာ့ဒ်ဝဲဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ စီးပွားရေးလုပ်ငန်းတွေအတွက် စတင်ဝန်ဆောင်မှုပေးမှာဖြစ်သလို ၂၀၂၆ ခုနှစ်မှာတော့ ပိုမိုကျယ်ပြန့်စွာ ရရှိနိုင်တော့မှာ ဖြစ်ပါတယ်။

Leo Ultra ဟာ Amazon ရဲ့ အကြီးဆုံးနဲ့ အမြန်ဆုံး တာမီနယ်ဖြစ်ပြီး Download 1 Gbps နဲ့ Upload 400 Mbps အထိ အမြန်နှုန်းရရှိနိုင်ကာ အပြင်ဘက် တိုင်တွေမှာ တပ်ဆင်အသုံးပြုရမယ့် ပုံစံဖြစ်ပါတယ်။ ဒါ့အပြင် နေရာရွှေ့ပြောင်းသယ်ဆောင်နိုင်တဲ့ Leo Pro နဲ့ 7 လက်မအရွယ်အစားရှိတဲ့ အသေးစား Leo Nano (100 Mbps) မော်ဒယ်တွေကိုပါ မိတ်ဆက်ခဲ့ပြီး အဲဒီကိရိယာအားလုံးမှာ Amazon ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ ချစ်ပ်တွေကို အသုံးပြုထားပါတယ်။

Amazon's Starlink Rival Preps Wi-Fi Router | PCMag

၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ ဂြိုဟ်တုအလုံးရေ ၁၅၀ ကျော် လွှတ်တင်ထားပြီးဖြစ်ကာ ကမ္ဘာအနှံ့ လွှမ်းခြုံနိုင်ဖို့ နောက်ထပ် ထောင်ချီ လွှတ်တင်ဖို့ ရှိနေပါတယ်။ Amazon Leo ရဲ့ ထူးခြားချက်ကတော့ AWS Cloud စနစ်နဲ့ တိုက်ရိုက်ချိတ်ဆက်ပေးနိုင်တာဖြစ်ပြီး အများသုံး အင်တာနက်လမ်းကြောင်းကို ဖြတ်သန်းစရာမလိုဘဲ လုံခြုံမှုရှိရှိ အသုံးပြုနိုင်မယ့် “Direct to AWS” စနစ် ပါဝင်တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ SpaceX ရဲ့ Starlink နဲ့ ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဈေးနှုန်းတွေကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ Amazon အနေနဲ့ ဒီဝန်ဆောင်မှုကို စီးပွားရေးလုပ်ငန်းကြီးတွေအတွက် ဦးစွာ ရည်ရွယ်ထားပြီး CEO ဖြစ်သူ Jeff Bezos ကတော့ နောက် ၁၀ နှစ်၊ နှစ် ၂၀ အတွင်း အာကာသထဲမှာ Data Center တွေ တည်ဆောက်ဖို့အထိ ရည်မှန်းထားပါတယ်။

Ref : tomhardware