ကမ္ဘာ့အင်တာနက်အသုံးပြုမှု ၉၅ ရာခိုင်နှုန်းနဲ့ နေ့စဉ် ဒေါ်လာ ၁၀ ထရီလီယံတန်ဖိုးရှိ ငွေကြေးလွှဲပြောင်းမှုတွေကို သယ်ဆောင်ပေးနေတဲ့ ရေအောက်ကေဘယ်ကြိုးတွေကို ကာကွယ်ဖို့အတွက် ဂျာမန်ကာကွယ်ရေးနည်းပညာကုမ္ပဏီ Euroatlas က Greyshark လို့ခေါ်တဲ့ ငါးမန်းပုံသဏ္ဌာန် ရေအောက်စက်ရုပ်ကို မိတ်ဆက်လိုက်ပါတယ်။

အဲဒီစက်ရုပ်ဟာ လူကထိန်းချုပ်စရာမလိုဘဲ အဆင့်မြင့်အာရုံခံကိရိယာတွေနဲ့ အလိုအလျောက် မောင်းနှင်နိုင်သလို အခြားစက်ရုပ်တွေနဲ့ ချိတ်ဆက်ပြီး အုပ်စုလိုက်လည်း လုပ်ဆောင်နိုင်ပါတယ်။ ရေအောက်ကြမ်းပြင်မှာ ငြိမ်သက်စွာ ပုန်းအောင်းနေနိုင်ပြီး သံသယဖြစ်ဖွယ် လှေတွေ (သို့မဟုတ်) လှုပ်ရှားမှုတွေကို တွေ့ရှိမှသာ လှုပ်ရှားဆောင်ရွက်မှာ ဖြစ်ပါတယ်။

Greyshark Robots Begin Undersea Cable Patrol

မကြာသေးမီက Baltic ဒေသမှာ ရေအောက်ကေဘယ်ကြိုးတွေ ပျက်စီးမှုများလာတာကြောင့် NATO က Baltic Sentry စီမံချက်နဲ့ လုံခြုံရေးတိုးမြှင့်နေချိန်မှာ အခုလို နည်းပညာထွက်ပေါ်လာတာ ဖြစ်ပါတယ်။ NATO အထွေထွေအတွင်းရေးမှူး Mark Rutte ကလည်း ရုရှားရဲ့ သံသယဖြစ်ဖွယ် သင်္ဘောတွေကို စောင့်ကြည့်ဖို့နဲ့ ရေအောက်အခြေခံအဆောက်အအုံတွေ လုံခြုံရေးအတွက် လိုအပ်တာမှန်သမျှ လုပ်ဆောင်သွားမယ်လို့ ပြောကြားထားပါတယ်။

Greyshark ဟာ ရေမိုင် ၁,၀၀၀ အထိ သွားလာနိုင်ပြီး သတ္တုကိုယ်ထည်မသုံးထားတာကြောင့် ရေဒါဖမ်းယူရ ခက်ခဲစေပါတယ်။ Sonar နဲ့ Lidar အပါအဝင် အာရုံခံကိရိယာတွေ စုံလင်စွာပါဝင်တာကြောင့် ရေအောက်မိုင်းတွေနဲ့ အခြေခံအဆောက်အအုံတွေကို ရှာဖွေစစ်ဆေးနိုင်ပြီး ကမ္ဘာ့ဆက်သွယ်ရေးကွန်ရက် လုံခြုံရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်လာမှာ ဖြစ်ပါတယ်။

Ref : Interesting Engineering