နည်းပညာလောကမှာ ပြိုင်ဆိုင်မှုတွေ အထွတ်အထိပ် ရောက်နေချိန်မှာ Google ကနေ စွမ်းဆောင်ရည် အလွန်မြင့်မားတဲ့ Gemini 3.0 ကို မိတ်ဆက်လိုက်တာက OpenAI ကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့ပါတယ်။ ဒီအခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ OpenAI ရဲ့ CEO ဖြစ်သူ Sam Altman ဟာ ကုမ္ပဏီအတွင်းမှာ “Code Red” အဆင့် သတ်မှတ်လိုက်ပြီး ဝန်ထမ်းတွေကို အရေးပေါ် အသိပေးစာ ပေးပို့ခဲ့ပါတယ်။

OpenAI boss Sam Altman declares 'code red' | The Independent

Google ရဲ့ Gemini 3.0 ဟာ လက်ရှိ ChatGPT ထက် သာလွန်တဲ့ အချက်တွေ ရှိနေပြီး Google ရဲ့ ecosystem တစ်ခုလုံးမှာပါ တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါကြောင့် Sam Altman က သူတို့ကုမ္ပဏီအနေနဲ့ ခက်ခဲကြမ်းတမ်းတဲ့ ကာလတစ်ခုကို ဖြတ်သန်းရနိုင်တယ်လို့ သတိပေးခဲ့သလို၊ “ယာယီ စီးပွားရေးဆိုင်ရာ အခက်အခဲတွေ” (temporary economic headwinds) နဲ့ ကြုံတွေ့ရနိုင်တယ်လို့လည်း ခန့်မှန်း ပြောဆိုထားပါတယ်။

OpenAI In 'Code Red' After Losing 6% Of Its Users In A Week Due To Gemini  3, Report Says - Tech

ဒီအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက် OpenAI ဟာ လက်ရှိ လုပ်ဆောင်နေတဲ့ ကြော်ငြာထည့်သွင်းခြင်းနဲ့ တခြား AI agent tools တွေလို စီမံကိန်းတွေကို ခေတ္တရပ်ဆိုင်းထားလိုက်ပါတယ်။ အဲဒီအစား ကုမ္ပဏီရဲ့ အရင်းအမြစ်နဲ့ လူအင်အား အကုန်လုံးကို ChatGPT ပိုမိုကောင်းမွန်လာစေဖို့နဲ့ အရည်အသွေး မြှင့်တင်ရေးအပိုင်းမှာပဲ အဓိက ဦးစားပေး လုပ်ဆောင်သွားဖို့ ညွှန်ကြားထားပါတယ်။

အရင်က Google ဟာ ChatGPT ထွက်လာတုန်းက “Code Red” ကြေညာခဲ့ဖူးပေမယ့် အခုတစ်ခါမှာတော့ အခြေအနေက ပြောင်းပြန်ဖြစ်သွားခဲ့ပါပြီ။ Gemini 3.0 ရဲ့ ခြိမ်းခြောက်မှုကြောင့် OpenAI ဘက်က အခုလို တုံ့ပြန်လိုက်တာဟာ AI နည်းပညာ စစ်မျက်နှာပြင်မှာ ဘယ်လောက်အထိ အကြိတ်အနယ် ရှိနေတယ်ဆိုတာကို မီးမောင်းထိုးပြနေပါတယ်။

Ref : Google Gemini