Google က Android Emergency Live Video လို့ခေါ်တဲ့ feature အသစ်တစ်ခုကို ကြေညာလိုက်ပါတယ်။ နာမည်အတိုင်းပါပဲ၊ အရေးပေါ် ဝန်ဆောင်မှုပေးသူတွေ နဲ့ တိုက်ရိုက် ဗီဒီယို (Live Video) မျှဝေနိုင်မယ့် အရာ ဖြစ်ပါတယ်။

အရေးပေါ် အခြေအနေမှာ စက္ကန့်တိုင်းက တန်ဖိုးရှိတဲ့ အတွက် ဒီစနစ်က “တစ်ချက်နှိပ်လိုက်ရုံ” နဲ့ အလုပ်လုပ်ပါတယ်။

Android gets the ability to share live video with emergency services

အရေးပေါ် ဖုန်းခေါ်ဆိုချိန် (သို့မဟုတ်) စာပို့နေချိန်မှာ တာဝန်ရှိသူက သင့်ဖုန်းကနေ Live Video ပြသဖို့ တောင်းဆိုနိုင်ပြီး၊ သင်က တစ်ချက် နှိပ်လိုက်ရုံနဲ့ လုံခြုံစိတ်ချစွာ စတင် ပြသနိုင်ပါတယ်။

အဲဒီ ဗီဒီယိုက အရေးပေါ် ကူညီကယ်ဆယ်သူတွေကို အခြေအနေ အကဲဖြတ်ဖို့နဲ့ သင်လိုအပ်တဲ့ အကူအညီကို အမြန်ဆုံး ပေးနိုင်ဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အကူအညီ မရောက်လာခင် အချိန်အထိ CPR ပြုလုပ်နည်းလိုမျိုး အသက်ကယ် နည်းလမ်းတွေကိုလည်း အချိန်နဲ့တပြေးညီ ကြည့်ရှုပြီး လမ်းညွှန်ပေးနိုင်ပါတယ်။

Android gets the ability to share live video with emergency services - GSMArena.com news

အဲဒီ feature အတွက် ဘာမှ ကြိုတင် ပြင်ဆင်သတ်မှတ်ထားဖို့ မလိုပါဘူး။ Default အနေနဲ့ Encryption လုပ်ထားပြီးသား ဖြစ်သလို၊ ဗီဒီယို မျှဝေမလား၊ ဘယ်အချိန်မှာ ရပ်မလဲ ဆိုတာကိုလည်း သင်ကိုယ်တိုင် ဆုံးဖြတ်နိုင်ပါတယ်။

လက်ရှိမှာတော့ ဒီစနစ်ကို အမေရိကန်၊ ဂျာမနီနဲ့ မက္ကဆီကို နိုင်ငံက ရွေးချယ်ထားတဲ့ ဒေသတွေမှာ ရှိတဲ့၊ Android 8 နဲ့ အထက် Google Play Services ပါဝင်တဲ့ ဖုန်းတွေအတွက် စတင် ဖြန့်ချိပေးနေပြီ ဖြစ်ပါတယ်။

Google အနေနဲ့ နောက်ပိုင်းမှာ တခြား ဒေသတွေမှာပါ အသုံးပြုနိုင်ဖို့ ကမ္ဘာတစ်ဝန်းက ပြည်သူ့လုံခြုံရေး အဖွဲ့အစည်းတွေ နဲ့ နီးနီးကပ်ကပ် ပူးပေါင်း လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

Ref: gsmarena