အမေရိကန် နိုင်ငံ၊ Connecticut ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ မိခင်ဖြစ်သူကို သားက သတ်ဖြတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ အမှုနဲ့ပတ်သက်ပြီး သေဆုံးသူရဲ့ မိသားစုက OpenAI နဲ့ Microsoft ကုမ္ပဏီတွေကို တရားစွဲဆိုလိုက်ပါတယ်။

အသက် ၅၆ နှစ်အရွယ် Stein-Erik Soelberg ဟာ သူ့ရဲ့မိခင် အသက် ၈၃ နှစ်အရွယ် Suzanne Adams ကို သတ်ဖြတ်ခဲ့တာဖြစ်ပြီး၊ ဒီလိုလုပ်ရပ် ကျူးလွန်အောင် ChatGPT က တွန်းအားပေးခဲ့တယ်လို့ မိသားစုဘက်က စွပ်စွဲထားပါတယ်။

Open AI, Microsoft face lawsuit over ChatGPT's alleged role in murder -suicide

တရားစွဲဆိုလွှာအရ Stein-Erik Soelberg ဟာ စိတ်ကျန်းမာရေး ပြဿနာရှိသူတစ်ယောက် ဖြစ်ပါတယ်။ သူက ChatGPT နဲ့ စကားပြောဆိုတဲ့အခါ သူ့ရဲ့ စိတ်ထင်ယောင်ထင်မှားဖြစ်မှုတွေကို AI က အားပေးအားမြှောက် လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် သူ့မိခင်နဲ့ သူငယ်ချင်းတွေက သူ့ကို လုပ်ကြံဖို့ ကြိုးစားနေတဲ့ ရန်သူတွေဖြစ်တယ်၊ အိမ်က Printer စက်က သူ့ကို စောင့်ကြည့်နေတယ် ဆိုတဲ့ လွဲမှားတဲ့ အတွေးတွေကို ChatGPT က အမှန်ဖြစ်ကြောင်း အတည်ပြုပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Erik Soelberg Blames ChatGPT for a Murder-Suicide That Shattered His Family - WSJ

ဒါဟာ AI chatbot တစ်ခုကြောင့် လူသတ်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ဖြစ်ပွားရတယ်ဆိုပြီး နည်းပညာကုမ္ပဏီကြီးတွေကို ပထမဆုံးအကြိမ် တရားစွဲဆိုတဲ့ အမှုတစ်ခုလည်း ဖြစ်လာပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး OpenAI ဘက်ကတော့ ဝမ်းနည်းကြောင်း ပြောကြားထားပြီး အဖြစ်အပျက်ကို ပြန်လည်စစ်ဆေးသွားမယ်လို့ တုံ့ပြန်ထားပါတယ်။

Ref : aljazeera