ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအခြေအနေကို လေ့လာစစ်ဆေးပြီးနောက် OpenAI ဟာ ၂၀၂၇ ခုနှစ် နှစ်လယ်လောက်မှာ လက်ထဲကငွေ ကုန်သွားနိုင်တယ်လို့ လေ့လာသူတစ်ဦးက သုံးသပ်ပြောကြားလိုက်ပါတယ်။

မနှစ်က ထွက်ပေါ်ခဲ့တဲ့ ပြင်ပအစီရင်ခံစာတစ်ခုအရ OpenAI ဟာ ၂၀၂၅ ခုနှစ်မှာ ဒေါ်လာ ၈ ဘီလီယံ သုံးစွဲဖွယ်ရှိပြီး ၂၀၂၈ ခုနှစ်အရောက်မှာတော့ ဒေါ်လာ ၄၀ ဘီလီယံအထိ မြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

Council on Foreign Relations က စီးပွားရေးပညာရှင် Sebastian Mallaby ကတော့ OpenAI အနေနဲ့ ငွေသုံးစွဲမယ့် အစီအစဉ်တွေကို ပြန်သုံးသပ်ပြီး တန်ဖိုးမြင့်နေတဲ့ သူ့ရဲ့ရှယ်ယာတွေနဲ့ ပေးချေမယ်ဆိုရင်တောင် ကြီးမားတဲ့ ဘဏ္ဍာရေးကွာဟချက်ကြီးတစ်ခုကို ဖြတ်ကျော်ရဦးမယ်လို့ ဆိုပါတယ်။
နည်းပညာကဏ္ဍမှာ အနည်းဆုံး ဒေါ်လာ ဘီလီယံ ၈၀၀ လောက် နစ်နာဆုံးရှုံးနိုင်ခြေရှိတဲ့ “တွင်းနက်ကြီး (black hole)” တစ်ခု ရှိနေတယ်လို့ Bain & Company က မနှစ်က အစီရင်ခံခဲ့ဖူးပါတယ်။
AI ကုမ္ပဏီတွေဟာ ဝင်ငွေပြန်ရှာနိုင်တာထက် ငွေသုံးစွဲမှုက ပိုမြန်ဆန်နေတယ်လို့ လေ့လာသူက ထောက်ပြထားပါတယ်။
OpenAI CEO Sam Altman အနေနဲ့ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၀ ဘီလီယံ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် လက်ရှိအချိန်အထိ ကုမ္ပဏီမှာ ရှင်းလင်းတိကျတဲ့ စီးပွားရေးမော်ဒယ်နဲ့ အမြတ်အစွန်းရရှိမှု မရှိသေးပါဘူး။
Ref : Fossbytes