လူတစ်ယောက် သေဆုံးသွားရင်တောင် သူ့ရဲ့ Facebook အကောင့်က ဆက်ပြီး သက်ဝင်လှုပ်ရှားနေမယ်ဆိုရင် ဘယ်လိုနေမလဲ။ Business Insider ရဲ့ ဖော်ပြချက်အရ Meta ဟာ ကွယ်လွန်သွားသူတွေရဲ့ နေရာမှာ အစားထိုးပြီး Facebookဆက်သုံးပေးမယ့် AI စနစ်တစ်ခုကို ၂၀၂၃ ခုနှစ်ကတည်းက မူပိုင်ခွင့်ရရှိထားတယ်လို့ သိရပါတယ်။

Till death 'doesn't' do us part: Meta patents AI that can simulate your social  media activity after your death - Technology News | The Financial Express

ဒီမူပိုင်ခွင့်မှတ်တမ်းမှာတော့ အသုံးပြုသူဟာ အွန်လိုင်းမှာ မရှိတော့တဲ့အချိန် ဒါမှမဟုတ် သေဆုံးသွားတဲ့အခါမျိုးမှာ အဆင့်မြင့် Language model တစ်ခုက သူ့ရဲ့ အပြောအဆို၊ အရေးအသားတွေကို ပုံတူကူးချပြီး ပို့စ်တင်တာတွေ၊ သူငယ်ချင်းတွေနဲ့ စကားပြောတာတွေကို ကိုယ်စား ဆက်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

Meta wins patent for AI that could post for dead social media users |  Mashable

ဒီထူးခြားတဲ့ AI စနစ်ကို အဓိက ဖန်တီးသူကတော့ Meta ရဲ့ နည်းပညာအရာရှိချုပ် Andrew Bosworth ကိုယ်တိုင် ဖြစ်ပါတယ်။ အဲဒီမူပိုင်ခွင့်ထဲမှာ AI ကနေ အလိုအလျောက် ရေးသားပေးမယ့် ပို့စ်တွေ၊ မှတ်ချက်တွေနဲ့ မက်ဆေ့ချ်တွေအကြောင်း အသေးစိတ် ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဒီသတင်းထွက်လာပြီးနောက်မှာတော့ Meta ဘက်က အခုလိုမျိုး ရှေ့ဆက်လုပ်ဆောင်သွားဖို့ အစီအစဉ် မရှိသေးပါဘူးလို့ ငြင်းဆိုခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ခပ်ကင်းကင်းပဲ နေခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီမူပိုင်ခွင့်ကြောင့် လူသေဆုံးပြီးနောက်ပိုင်း ဒစ်ဂျစ်တယ်ကမ္ဘာမှာ ဆက်လက်ရှင်သန်ခွင့်ဆိုတဲ့ အယူအဆ၊ နည်းပညာကျင့်ဝတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ လူမှုကွန်ရက်ကုမ္ပဏီတွေဟာ လူတွေကို သူတို့ပလက်ဖောင်းပေါ်မှာ အမြဲတမ်း ဆွဲထားဖို့ ဘယ်လောက်အထိ အစွန်းရောက်တဲ့ နည်းလမ်းတွေ သုံးလာနိုင်သလဲဆိုတဲ့ အငြင်းပွားမှုတွေ ပြန်လည် မြင့်တက်လာခဲ့ပါတယ်။

Ref : Fossbytes