Galaxy S-series အသစ်ထွက်ရှိလာပြီဖြစ်ပြီး S26 Ultra မှာ နောက်ဆုံးပေါ် Qualcomm ချစ်ပ်၊ ဘေးလူခိုးကြည့်တာကို ကာကွယ်ပေးတဲ့ Privacy Display နဲ့ အမြန်ဆုံး အားသွင်းစနစ်တွေ ပါဝင်လာပါတယ်။ အရင်မော်ဒယ်ထက် ပိုပါး (၇.၂ မီလီမီတာ) ပြီး ပိုပေါ့ (၂၁၄ ဂရမ်) ပါတယ်။ တိုက်တေနီယမ်ကိုယ်ထည်အစား အလူမီနီယမ်ကို ပြောင်းသုံးထားပြီး ကျောဘက်မှာ Gorilla Glass Victus 2 ကိုပဲ ဆက်သုံးထားပါတယ်။

Samsung Galaxy S26 Ultra arrives with Privacy Display, SD 8 Elite Gen 5 for Galaxy and 60W charging

 မျက်နှာပြင်နဲ့ Privacy Display

 

မျက်နှာပြင်က ၆.၉ လက်မ LTPO AMOLED QHD+ ဖြစ်ပြီး 1-120Hz refresh rate ရပါတယ်။ အမြင့်ဆုံး Brightness က 2,600 nits အထိဖြစ်ပြီး Gorilla Armor 2 နဲ့ ကာကွယ်ပေးထားပါတယ်။ S Pen လည်း ဆက်ပါပါတယ်။ အသစ်ပါလာတာကတော့ Privacy Display ဖြစ်ပြီး ဘေးဘက်ကနေ ကြည့်ရင် မျက်နှာပြင်က အမည်းရောင်ဖြစ်သွားအောင် ဖန်တီးထားတဲ့ ဟာ့ဒ်ဝဲနည်းပညာအသစ်ပါ။ အဲဒီစနစ်က Notification တွေ၊ ပတ်စ်ဝေါ့တွေကို လုံခြုံစေဖို့ ဆော့ဖ်ဝဲနဲ့ပါ တွဲလုပ်ပေးပါတယ်။

Samsung Galaxy S26 Ultra arrives with Privacy Display, SD 8 Elite Gen 5 for Galaxy and 60W charging

 စွမ်းဆောင်ရည်နဲ့ ကင်မရာ

 

နိုင်ငံတိုင်းမှာ Snapdragon 8 Elite Gen 5 for Galaxy ချစ်ပ်ကို သုံးပေးထားပါတယ်။ RAM 12GB (256GB နဲ့ 512GB မော်ဒယ်) နဲ့ RAM 16GB (1TB မော်ဒယ်) ဆိုပြီး ရွေးချယ်နိုင်ပါတယ်။ ကင်မရာပိုင်းမှာ 200MP အဓိကကင်မရာက အလင်းဝင်ပေါက် f/1.4 ပိုကျယ်လာတဲ့အတွက် အလင်း ၄၇ ရာခိုင်နှုန်း ပိုရနိုင်ပါတယ်။ 10MP 3x Telephoto မှာ ဆင်ဆာအနည်းငယ် သေးသွားပေမယ့် 50MP 5x Telephoto ကတော့ f/2.9 အလင်းဝင်ပေါက်နဲ့ ၃၇ ရာခိုင်နှုန်း ပိုလင်းလာပါတယ်။ 50MP Ultrawide ကတော့ အရင်အတိုင်းပါပဲ။

Samsung Galaxy S26 Ultra arrives with Privacy Display, SD 8 Elite Gen 5 for Galaxy and 60W charging

 ဘက်ထရီနဲ့ အားသွင်းစနစ်

Samsung Galaxy S26 Ultra arrives with Privacy Display, SD 8 Elite Gen 5 for Galaxy and 60W charging

ဘက်ထရီက 5,000 mAh ပဲ ဆက်သုံးထားပေမယ့် အားသွင်းစနစ်ကတော့ 60W အထိ ရလာပါပြီ။ နာရီဝက်အတွင်း သုညကနေ ၇၅ ရာခိုင်နှုန်းအထိ အားသွင်းနိုင်မှာပါ။ 25W ကြိုးမဲ့အားသွင်းစနစ် (Qi 2.2) နဲ့ 4.5W Reverse wireless charging လည်း ပါဝင်ပါတယ်။

 

 AI စွမ်းဆောင်ရည်တွေ

 

Android 16 အခြေခံ One UI 8.5 ကို သုံးထားပြီး Galaxy AI စွမ်းဆောင်ရည်တွေ အများကြီး ပါလာပါတယ်။

 

* Photo Assist နဲ့ Creative Studio က ပုံတည်းဖြတ်တာနဲ့ စတစ်ကာဖန်တီးတာတွေ လုပ်ပေးနိုင်ပါတယ်။

* Audio Eraser က YouTube၊ Netflix စတဲ့ အက်ပ်တွေမှာ နောက်ခံအသံတွေကို ဖျောက်ပေးနိုင်ပါတယ်။

* Call Screening က ဖုန်းခေါ်ဆိုမှုတွေကို စစ်ထုတ်ပေးပြီး စာသားအဖြစ် ပြသပေးပါတယ်။

* Now Nudge နဲ့ Now Brief တို့က ကိုယ်လုပ်နေတဲ့ အရာအပေါ်မူတည်ပြီး လိုအပ်တဲ့ အချက်အလက်တွေကို Home screen မှာ အကြံပြုပေးမှာပါ။

 

 ဈေးနှုန်း

 

အရောင်အနေနဲ့ အမည်း၊ ခရမ်း၊ အပြာနု၊ အဖြူတို့အပြင် အွန်လိုင်းကနေ ငွေရောင်နဲ့ ပန်းရွှေရောင်တို့ကို ဝယ်ယူနိုင်ပါတယ်။ ဈေးနှုန်းတွေကတော့ 12/256GB ကို ၁,၄၅၀ ယူရို၊ 12/512GB ကို ၁,၆၅၀ ယူရို နဲ့ 16GB/1TB ကို ၁,၉၅၀ ယူရို ကျသင့်မှာပါ။

Ref : gsmarena