ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ YouTube ဟာ သူ့ရဲ့မိုဘိုင်းလ် App အတွင်းမှာပဲ တခြားသူတွေနဲ့ စကားပြောဆိုနိုင်မယ့် လုပ်ဆောင်ချက်တစ်ခုကို စမ်းသပ်လုပ်ဆောင်ခဲ့ပါတယ်၊၊ ဒါပေမဲ့ အဲဒီတုန်းက အိုင်ယာလန်နဲ့ ပိုလန်နိုင်ငံတွေမှာပဲ ရနိုင်ခဲ့တာပါ၊၊ အဲဒီလုပ်ဆောင်ချက်ကို မတ်လမှာ ဥရောပနိုင်ငံအချို့ဆီ တိုးချဲ့ပေးခဲ့ပြီး အခုအခါမှာတော့ အမေရိကန်၊ ဗြိတိန်၊ ဘရာဇီးနဲ့ စင်ကာပူနိုင်ငံတွေအပါအဝင် နိုင်ငံတကာ ဈေးကွက်တွေဆီ ပိုမိုတိုးချဲ့ပေးနေပြီဖြစ်ပါတယ်၊၊

App အတွင်း မက်ဆေ့ခ်ျပို့နိုင်ရုံတင်မကဘဲ ဒီလုပ်ဆောင်ချက်ကနေတစ်ဆင့် ဗီဒီယိုတွေ (ပုံမှန်ဗီဒီယိုအရှည်တွေ၊ Shorts တွေနဲ့ Live လွှင့်ချက်တွေ) ကိုပါ မျှဝေနိုင်မှာဖြစ်ပါတယ်၊၊ App အတွင်း ဗီဒီယိုမျှဝေတာနဲ့ မက်ဆေ့ခ်ျပို့တာတွေကို သုံးနိုင်ဖို့အတွက် အသက် ၁၈ နှစ် ပြည့်ပြီးသူဖြစ်ရမှာဖြစ်ပြီး YouTube ချန်နယ်ထဲကို Sign in ဝင်ထားရမယ့်အပြင် မိမိတို့ဖုန်းမှာ နောက်ဆုံးထွက် YouTube App ကို ထည့်သွင်းထားရမှာဖြစ်ပါတယ်၊၊ ဒီစနစ်ကို အန်းဒရွိုက်ဖုန်းတွေအပြင် အိုင်ဖုန်းနဲ့ အိုင်ပက်တွေမှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်၊၊

ဒီမက်ဆေ့ခ်ျပို့စနစ်မှာ ပို့လိုက်တဲ့စာကို ဖိနှိပ်ထားပြီး “Unsend” ကို နှိပ်တာနဲ့ ပြန်ဖျက်နိုင်တဲ့ လုပ်ဆောင်ချက်လည်း ပါဝင်ပါတယ်၊၊ ဒါ့အပြင် ပြောဆိုထားတဲ့စာတွေကို (မိမိဘက်ကနေပဲဖြစ်ဖြစ်) ဖျက်ပစ်နိုင်သလို အဲဒီလူကို Block တာမျိုးလည်း လုပ်လို့ရပါတယ်၊၊
Ref : gsmarena