Meta ကုမ္ပဏီက Facebook ပေါ်မှာ Public ပို့စ်တွေ၊ Reels ဗီဒီယိုတွေနဲ့ Marketplace စာရင်းတွေထဲကနေ အဖြေတွေကို ရှာဖွေပေးနိုင်မယ့် AI Mode အမည်ရ ရှာဖွေရေးစနစ်အသစ်တစ်ခုကို အမေရိကန်နိုင်ငံမှာ စတင်မိတ်ဆက်လိုက်ပါတယ်။ ဒီစနစ်က အရင်လို ဝက်ဘ်ဆိုက်လင့်ခ်တွေချည်းပဲ ပြသပေးမယ့်အစား Meta AI ကို အသုံးပြုပြီး လူမှုကွန်ရက်ပေါ်က အချက်အလက်တွေကို စုစည်းကာ အမေးအဖြေပုံစံမျိုးနဲ့ တိုက်ရိုက်ပြန်လည် ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။

Facebook now has an AI search engine that pulls answers from your Group posts and Reels

အခုနောက်ဆုံး ထွက်ရှိလာတဲ့ AI Mode ဟာ Facebook ရဲ့ ပုံမှန် Search Bar ထဲမှာတင် ပူးတွဲပါဝင်လာမှာ ဖြစ်ပြီး Marketplace က ပစ္စည်းတွေကို အကြံပြုတာ၊ Group ဆွေးနွေးချက်တွေထဲက အကြံဉာဏ်တွေကို ထုတ်နှုတ်ပေးတာနဲ့ Reels ဗီဒီယိုတွေကို ရှာဖွေပေးတာမျိုးတွေ လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Meta အနေနဲ့ အခပေးအသုံးပြုရမယ့် Facebook Plus နဲ့ Instagram Plus အပြင် Meta One Plus နဲ့ Meta One Premium စတဲ့ AI သီးသန့် Subscription အစီအစဉ်တွေကိုပါ ဒီနှစ်ထဲမှာ ထပ်မံတိုးချဲ့သွားဖို့ ပြင်ဆင်နေပါတယ်။

Meta Builds AI Search Engine to Reduce Google, Bing Usage

ဒါပေမဲ့ ဒီလို AI စနစ်သစ်ဟာ လူမှုကွန်ရက်ပေါ်က အတည်မပြုရသေးတဲ့ သာမန်အသုံးပြုသူတွေရဲ့ ပို့စ်တွေအပေါ်မှာ အခြေခံပြီး အဖြေထုတ်ပေးမှာ ဖြစ်တဲ့အတွက် သတင်းအမှားတွေ ပါဝင်လာနိုင်ခြေ ပိုများနေတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ တစ်ဖက်မှာလည်း သုံးစွဲသူတွေရဲ့ ပို့စ်တွေကို AI လေ့ကျင့်ရေးအတွက် အသုံးပြုတဲ့နေရာမှာ မူပိုင်ခွင့်နဲ့ ကိုယ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာ ရှင်းလင်းပြတ်သားတဲ့ သတ်မှတ်ချက်တွေ မရှိသေးတဲ့အတွက် အငြင်းပွားဖွယ်ရာတွေ ရှိနေဆဲ ဖြစ်ပါတယ်။

Ref : The Next Web