General Motors Company  (GM) ကုမ္ပဏီက အလုပ်သမား ၁,၃၀၀ ကို ယာယီအလုပ်ထုတ်ထားတဲ့အချိန်မှာပဲ ဒက်ထရွိုက်မှာရှိတဲ့ ၎င်းတို့ရဲ့ အဓိက လျှပ်စစ်ကား (EV) စက်ရုံမှာ စက်ရုပ်အသစ် ၅၀ ကျော်ကို တပ်ဆင်လိုက်ပါတယ်။ အဲဒီလို လူသားအလုပ်သမားတွေနေရာမှာ စက်ရုပ်တွေ အစားထိုးလိုက်တဲ့အပေါ် အမေရိကန် မော်တော်ယာဉ်အလုပ်သမားများသမဂ္ဂ (UAW) က အပြင်းအထန် ကန့်ကွက်နေပြီး ဒါဟာ အလုပ်သမားတွေရဲ့ အလုပ်အကိုင်နဲ့ လုပ်ခလစာကို ခြိမ်းခြောက်နေတယ်လို့ သတိပေးထားပါတယ်။ ယာယီအလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားတွေကို ပြန်မခေါ်ဘဲ စက်ရုံကို အလိုအလျောက်စနစ်ပြောင်းလဲဖို့ ကြိုးပမ်းလာတာကြောင့် ကုမ္ပဏီနဲ့ သမဂ္ဂကြား တင်းမာမှုတွေ ဖြစ်ပွားနေတာပါ။

A man works on a vehicle on an assembly line at GM's Factory Zero EV production facility in Detroit, Michigan. The left shows the front of a GMC branded truck. The right shows part of a green robot arm.

တကယ်တော့ အခုလို အလုပ်သမားအနည်းငယ်နဲ့ စက်ရုပ်တွေကိုပဲ အဓိကသုံးပြီး လည်ပတ်တဲ့ “Dark Factory” (မီးမှောင်ချစက်ရုံ) စနစ်ကို အရှေ့အာရှ၊ အထူးသဖြင့် တရုတ်နိုင်ငံက မော်တော်ယာဉ်နဲ့ နည်းပညာကုမ္ပဏီတွေမှာ အကြီးအကျယ် ကျင့်သုံးနေကြပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ကုန်ကျစရိတ်သက်သာပြီး ထုတ်လုပ်မှုစွမ်းအားမြင့်မားတဲ့ စက်မှုစက်ရုပ် သန်းနဲ့ချီကို စက်ရုံတွေမှာ တပ်ဆင်ထားတာကြောင့် ကမ္ဘာ့ EV ဈေးကွက်မှာ အားသာချက်တွေ ရရှိနေပါတယ်။ အမေရိကန်မော်တော်ယာဉ်ထုတ်လုပ်သူတွေကလည်း ဒီလိုပြိုင်ဆိုင်မှုကို ရင်ဆိုင်ဖို့အတွက် စက်ရုပ်အလိုအလျောက်စနစ်ဘက်ကို ပိုပြီး ဦးလှည့်လာကြတာ ဖြစ်ပါတယ်။

GM lays off over 1,000 salaried software, services employees | Reuters

ဒါပေမဲ့ စက်ရုံတွေကို စက်ရုပ်တွေနဲ့ချည်းပဲ ရာနှုန်းပြည့် အလိုအလျောက်စနစ်ပြောင်းလဲတာဟာ အန္တရာယ်လည်း ရှိနေပါတယ်။ ကွန်ပျူတာစနစ် ချို့ယွင်းတာ ဒါမှမဟုတ် ဆိုက်ဘာတိုက်ခိုက်ခံရတာမျိုး ဖြစ်လာရင် စက်ရုံတစ်ခုလုံး ရပ်ဆိုင်းသွားနိုင်သလို၊ ထုတ်လုပ်မှုလိုင်းမှာ ပြဿနာတစ်ခုခုဖြစ်ရင်လည်း လူသားတွေလောက် မြန်မြန်ဆန်ဆန် ရှာဖွေပြင်ဆင်နိုင်စွမ်း မရှိပါဘူး။ အဲဒီအတွက် နည်းပညာတိုးတက်မှုကို အရင်းရှင်တွေရဲ့ အကျိုးအမြတ်တစ်ခုတည်းအတွက် မသုံးဘဲ အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းဖို့နဲ့ အလုပ်ချိန်လျှော့ချနိုင်ဖို့အတွက် မျှမျှတတ အသုံးချသင့်တယ်ဆိုတဲ့ ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

Ref : arstechnica