အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ် ဒပ်ဘလင်ရဲတပ်ဖွဲ့က Rock Cress ကားပါကင်ဝင်းကို စောင့်ရှောက်ဖို့ ခန့်အပ်ခဲ့တဲ့ Knightscope K5 အမျိုးအစား လုံခြုံရေးစက်ရုပ် “DubBot” ဟာ ၁၀ လနီးပါး တာဝန်ထမ်းဆောင်ပြီးနောက်မှာတော့ အလုပ်ပြုတ်သွားခဲ့ပါတယ်။ နည်းပညာမြင့် စက်ရုပ်ကြီးဟာ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းခွင်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိတဲ့အတွက် အဲဒီစက်ရုပ်ကို ၂၀၂၆ ခုနှစ် မေလ ၁၂ ရက်နေ့မှာပဲ တာဝန်ကနေ အပြီးအပိုင် အနားပေးလိုက်ပြီလို့ သိရပါတယ်။

တကယ်တော့ ဒီစက်ရုပ်ကြီးမှာ ၃၆၀ ဒီဂရီပတ်လည် ကြည့်နိုင်တဲ့ ကင်မရာတွေ၊ အပြန်အလှန် စကားပြောစနစ်၊ လိုက်ဒါ (Lidar) လမ်းညွှန်စနစ်နဲ့ အရေးပေါ်ခေါ်ဆိုမှု ခလုတ်တွေလို ခေတ်မီနည်းပညာတွေ အပြည့်အစုံ ပါဝင်ပါတယ်။ ဒါပေမဲ့ တာဝန်ထမ်းဆောင်တဲ့ ကာလတစ်လျှောက်လုံးမှာတော့ ဖမ်းဆီးမှု သုည၊ ဒဏ်ရိုက်မှု သုညနဲ့ ရဲခေါ်ရလောက်တဲ့ ဖြစ်စဉ်မျိုး တစ်ခုမှ မရှိခဲ့ဘဲ ဘာအလုပ်မှ မဖြစ်ခဲ့ပါဘူး။ ရာဇဝတ်မှု ဖြစ်ပွားလေ့မရှိတဲ့ အဲဒီကားပါကင်ထဲမှာ စက်ရုပ်ကြီးဟာ လူမြင်သူမြင် လျှောက်သွားပြီး ဟန့်တားတာနဲ့ စောင့်ကြည့်တာလောက်ပဲ လုပ်နိုင်ခဲ့လို့ တကယ့်ရဲလုပ်ငန်းအတွက် တိုင်းတာလို့ရတဲ့ ရလဒ်မျိုး တစ်ခုမှ ပြသနိုင်ခြင်း မရှိပါဘူး။

Ohio Police Fire Robocop for Helping Make Zero Arrests and Failing to Issue  a Single Ticket

ပိုပြီး ဆိုးတာကတော့ ထုတ်လုပ်တဲ့ ကုမ္ပဏီဆီကနေ ငွေအချို့ ပြန်အမ်းတာကို ခံယူခဲ့ပြီးနောက်မှာတောင် ဒီစမ်းသပ်စီမံကိန်းအတွက် မြို့တော်ကနေ အမေရိကန်ဒေါ်လာ ၆၇,၅၄၈ (ဒေါ်လာ ၆၇,၀၀၀ ကျော်) ထိ ကုန်ကျသွားခဲ့တာပဲ ဖြစ်ပါတယ်။ မူလကတော့ စက်ရုပ်တွေကို ဒီထက်ပိုပြီး တိုးချဲ့အသုံးပြုဖို့ စီစဉ်ထားခဲ့ပေမယ့် အခုလို ငွေကုန်ကြေးကျများပြီး အသုံးမဝင်တဲ့အတွက် အဲဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး စက်ရုပ်ရဲစောင့်ကိုလည်း ကားပါကင်ထဲကနေ မောင်းထုတ်လိုက်ပြီ ဖြစ်ပါတယ်။

Ref : Technology Innovation