Facebook ပိုင်ရှင် Meta ရဲ့ ဉာဏ်ရည်တု (AI) မော်ဒယ်တစ်ခုဟာ အင်တာနက်နဲ့ ချိတ်ဆက်ပြီး တခြားအဖွဲ့အစည်းတစ်ခုရဲ့ စနစ်ကို ဟက်ခ်လုပ်ခဲ့ပါတယ်လို့ Meta က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
သီးခြားစမ်းသပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Irregular က အကဲဖြတ်စမ်းသပ်နေစဉ်အတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စနစ်ချွတ်ယွင်းမှုကြောင့်လို့ Meta က ဆိုပါတယ်။

မကြာသေးမီက OpenAI နဲ့ Anthropic တို့ရဲ့ AI မော်ဒယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ လုံခြုံရေးကျိုးပေါက်မှုတွေနဲ့ အခုဖြစ်စဉ်က ဆင်တူနေပါတယ်။ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်းမှာပဲ ChatGPT ဖန်တီးရှင် OpenAI နဲ့ ပြိုင်ဘက် Anthropic တို့ရဲ့ AI တွေဟာ စမ်းသပ်မှုတွေလုပ်ဆောင်နေစဉ်မှာ တခြားစနစ်တွေကို ဟက်ခ်လုပ်ခဲ့ကြောင်း အသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။
ဒီလို AI မော်ဒယ်တွေရဲ့ လုပ်ရပ်တွေကြောင့် သုတေသီတွေနဲ့ အစိုးရတွေက ပိုမိုတင်းကျပ်တဲ့ လုံခြုံရေးအစီအမံတွေနဲ့ စမ်းသပ်မှုတွေလုပ်ဆောင်ဖို့ တောင်းဆိုနေကြပါတယ်။
ဗြိတိန်ရဲ့ AI လုံခြုံရေးအင်စတီကျု (AISI) ကလည်း တချို့ AI မော်ဒယ်တွေဟာ လူအတုအယောင် ပရိုဖိုင်တွေဖန်တီးပြီး ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ ကြိုးစားနေတာကို စမ်းသပ်တွေ့ရှိခဲ့တယ်လို့ သတိပေးထားပါတယ်။
Ref: bbc