အာကာသထဲမှာ သြဇာလွှမ်းမိုးထားတဲ့ SpaceX ဟာ အခုအခါ မြေပြင်ပေါ်က မိုဘိုင်းကွန်ရက် ဈေးကွက်ကိုပါ ထိုးဖောက်ဖို့ ပြင်ဆင်နေပါတယ်။ အမေရိကန် ဆက်သွယ်ရေးကုမ္ပဏီကြီးတွေဖြစ်တဲ့ T-Mobile၊ AT&T နဲ့ Verizon တို့ကို ယှဉ်ပြိုင်ဖို့ မြေပြင်အခြေစိုက် မိုဘိုင်းကွန်ရက်တစ်ခု တည်ဆောက်သွားမယ်လို့ ကုမ္ပဏီရဲ့ ဝင်ငွေရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်။ SpaceX ဥက္ကဋ္ဌ Gwynne Shotwell နဲ့ အမှုဆောင်အရာရှိချုပ် Elon Musk တို့က သူတို့ရဲ့ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့အတူ အဲဒီကုမ္ပဏီတွေဆီက သုံးစွဲသူအများအပြားကို ဆွဲဆောင်သွားမယ်လို့ ယုံကြည်ချက်ရှိရှိ ပြောကြားခဲ့ပါတယ်။

SpaceX aims to enter the US telecom market and challenge AT&T, T-Mobile and  Verizon - GSMArena.com news

ဒီလို တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်မယ့် ကွန်ရက်ကြီး တည်ဆောက်ဖို့အတွက် EchoStar ဆီကနေ ဝယ်ယူထားတဲ့ ရေဒီယိုလှိုင်းနှုန်းစဉ်တွေနဲ့ နောက်မျိုးဆက်သစ် Starlink ဂြိုဟ်တုတွေကို အသုံးပြုသွားမှာပါ။ အထူးခြားဆုံးကတော့ ကုန်ကျစရိတ်ကြီးမားပြီး နေရာယူတဲ့ ဆဲလ်တာဝါတိုင်ကြီးတွေ အစား လက်ရှိသုံးနေတဲ့ Starlink စလောင်းတွေပေါ်မှာ သေးငယ်တဲ့ ဆဲလ်လူလာအခြေစိုက်စခန်းလေးတွေ တပ်ဆင်သွားမယ့် Elon Musk ရဲ့ ဆန်းသစ်တဲ့ အကြံဉာဏ်ပဲ ဖြစ်ပါတယ်။

SpaceX plans Starlink mobile service to rival U.S. carriers

အဲဒီ အခြေစိုက်စခန်းငယ်လေးတွေကို နိုင်ငံတစ်ဝန်းက အိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ခေါင်မိုးတွေပေါ်မှာ တပ်ဆင်ထားမှာဖြစ်ပြီး အောက်ခြေမြေပြင်ပေါ်က မိုဘိုင်းဖုန်းတွေဆီ တိုက်ရိုက်ချိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းသစ်ဟာ လက်ရှိဝန်ဆောင်မှုပေးနေသူတွေထက် ပိုမိုမြန်ဆန်တဲ့ အင်တာနက်ကို ပေးစွမ်းနိုင်မှာဖြစ်တဲ့အတွက် ဒေါ်လာ ဘီလီယံ ၆၀၀ တန်ကြေးရှိတဲ့ အမေရိကန် ကြိုးမဲ့ဆက်သွယ်ရေးဈေးကွက်ကြီးမှာ SpaceX က နေရာတစ်နေရာ အခိုင်အမာ ရယူနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Ref : Theverge