Redmi က တရုတ်နိုင်ငံမှာ ဘတ်ဂျက်စမတ်ဖုန်းအသစ်ဖြစ်တဲ့ Redmi 17 5G ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီ ဖုန်းမှာ ၆.၉ လက်မအရွယ် HD+ LCD မျက်နှာပြင် ပါဝင်ပြီး 120Hz refresh rate နဲ့ အမြင့်ဆုံး brightness 800 nits အထိ ထောက်ပံ့ပေးထားပါတယ်။
Xiaomi ရဲ့ နောက်ဆုံးထွက် HyperOS 3 ကို အသုံးပြုထားပြီး မျက်လုံးအကာအကွယ်အတွက် TÜV Rheinland အသိအမှတ်ပြုလက်မှတ်လည်း ရရှိထားပါတယ်။

စွမ်းဆောင်ရည်ပိုင်းအတွက် 6nm Unisoc T8300 processor ကို အသုံးပြုထားပြီး RAM 4GB ဒါမှမဟုတ် 6GB နဲ့ Storage 128GB ပါဝင်တဲ့ အပြင် microSD card လည်း ထပ်စိုက်လို့ရပါတယ်။
6,300mAh ဘက်ထရီကြီး ပါဝင်ပြီး 15W အားသွင်းစနစ်နဲ့ 7.5W reverse charging စနစ်တွေ ပါဝင်ပါတယ်။ ကင်မရာပိုင်းမှာတော့ ကျောဘက် 13MP ကင်မရာနဲ့ ရှေ့ဘက် 8MP ကင်မရာတို့ ပါဝင်ပြီး 5G ကွန်ရက်နဲ့ 3.5mm နားကြပ်ပေါက်တွေကိုလည်း ထောက်ပံ့ပေးထားပါတယ်။

Redmi 17 5G ကို တရုတ်နိုင်ငံမှာ စတင်ရောင်းချနေပြီဖြစ်ပြီး 4GB နဲ့ 128GB ဗားရှင်းကို ၉၉၉ ယွမ် (အမေရိကန်ဒေါ်လာ ၁၅၀ ဝန်းကျင်) နဲ့ 6GB နဲ့ 128GB ဗားရှင်းကို ၁,၁၉၉ ယွမ် (အမေရိကန်ဒေါ်လာ ၁၈၀ ဝန်းကျင်) သတ်မှတ်ထားပါတယ်။
အရောင်အနေနဲ့ အပြာ၊ အမည်းနဲ့ အဖြူရောင်ဆိုပြီး ရွေးချယ်နိုင်ပါတယ်။ အဲဒီ ဖုန်းရဲ့ နိုင်ငံတကာဗားရှင်းကိုတော့ မတူညီတဲ့ အချက်အလက်တွေ၊ ဒီဇိုင်းတွေနဲ့ မြင်တွေ့ရမယ့် အနေအထား ရှိနေပါတယ်။
Ref: Gizmochina