Google ဟာ Gemini အသုံးပြုသူတွေမြင်သာတဲ့ ရေစာ (watermark) မပါဘဲ AI ပုံတွေ ဖန်တီးခွင့်ပြုနေပါတယ်။ အဲဒီအစီအစဉ်ကို Google AI Ultra member တွေနဲ့ Google AI Studio ကနေ ဖန်တီးတဲ့ ပုံတွေအတွက် ရရှိနိုင်မှာဖြစ်ပြီး Free နဲ့ Pro အသုံးပြုသူတွေအတွက်ကတော့ မြင်သာတဲ့ ရေစာ ဆက်လက် ပါဝင်နေဦးမှာ ဖြစ်ပါတယ်။

Google will now allow users to remove visible watermark from its AI  generations | TechCrunch

ဒါပေမယ့်လည်း Google ဟာ AI နဲ့ ဖန်တီးထားကြောင်း သိနိုင်တဲ့ မမြင်ရတဲ့ ရေစာ ကိုတော့ ဖယ်ရှားမှာ မဟုတ်ပါဘူး။ Google AI နဲ့ ဖန်တီးထားတဲ့ ဒါမှမဟုတ် ပြင်ဆင်ထားတဲ့ ပုံတွေမှာ AI ဖန်တီးမှုဖြစ်ကြောင်း ခွဲခြားသိနိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ SynthID လို့ခေါ်တဲ့ မမြင်ရတဲ့ ဒစ်ဂျစ်တယ်ရေစာ ဆက်လက်ပါဝင်နေမှာ ဖြစ်ပါတယ်။

You can now turn off Google Gemini's visible watermarks | The Verge

အဲဒီအပြောင်းအလဲဟာ ပရော်ဖက်ရှင်နယ် ဖန်တီးသူတွေအတွက် Gemini လိုဂို မပါတဲ့ ပိုမိုသေသပ်တဲ့ ပုံတွေ ရရှိစေနိုင်မှာ ဖြစ်သလို Google အနေနဲ့လည်း SynthID ကတစ်ဆင့် AI ဖန်တီးမှုတွေကို ဆက်လက် ခွဲခြားသိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Google ဟာ ပုံတွေ၊ ဗီဒီယိုတွေနဲ့ အသံတွေမှာ SynthID ပါဝင်ခြင်း ရှိမရှိ စစ်ဆေးနိုင်မယ့် ကိရိယာတွေကိုလည်း ထပ်တိုးပေးထားပါတယ်။

Ref : Technology Innovation