ဉာဏ်ရည်တု (AI) နည်းပညာတွေ အလွန်အမင်း ထက်မြက်လာရင် ကမ္ဘာကြီး ပျက်စီးသွားမယ်ဆိုတဲ့ စိုးရိမ်မှုတွေဟာ နိုင်ငံရေးအရ ဖန်တီးထားတဲ့ လိမ်လည်မှုသက်သက်သာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပစ်ပယ်လိုက်ပါတယ်။ ဒါ့အပြင် AI လောကမှာ မသမာတဲ့ လုပ်ရပ်တွေ မရှိစေဖို့ အထူးစောင့်ကြည့်ကွပ်ကဲမယ့် ‘AI Force’ တပ်ဖွဲ့သစ် တစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီလို့ သူက စနေနေ့မှာ တရားဝင် ကြေညာခဲ့ပါတယ်။ အမေရိကန်ရဲ့ အနာဂတ်ယှဉ်ပြိုင်နိုင်စွမ်းအတွက် အသက်သွေးကြောဖြစ်နေတဲ့ အဲဒီလုပ်ငန်းကြီးကို နိုင်ငံရေးရန်သူတွေ ဖျက်ဆီးပစ်မယ့် အန္တရာယ်ကနေ ကာကွယ်သွားမယ်လို့လည်း သူက ပြတ်ပြတ်သားသား သတိပေးထားပါတယ်။

Trump announces formation of 'AI Force,' along with 'AI czar' to oversee it

အရင်သက်တမ်းမှာ Space Force ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သလိုပဲ အခု AI Force အတွက်လည်း ဉာဏ်ရည်ထက်မြက်သူတွေကို သေချာရွေးချယ်ခန့်အပ်သွားမယ်လို့ ထရမ့်က ဆိုပါတယ်။ အဲဒီတပ်ဖွဲ့ဟာ AI နည်းပညာ တိုးတက်မှုကို ပိတ်ပင်တားဆီးမှာ မဟုတ်ဘဲ ပိုမိုကြီးထွားလာအောင် ကူညီစောင့်ရှောက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးစနစ်ကနေ တစ်ဆင့် မကောင်းတဲ့ အကြံအစည်တွေကိုတော့ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ သူက ဆိုပါတယ်။

Trump Announces an 'AI Force' After Industry Sounded Alarm - WSJ

ထရမ့်ရဲ့ အဲဒီကြေညာချက်ဟာ ကွန်ဂရက်လွှတ်တော်မှာ AI ထိန်းချုပ်ရေး ဥပဒေတွေ ပြဋ္ဌာန်းဖို့ အဘက်ဘက်က ဖိအားပေးနေချိန်နဲ့ တစ်တိုက်တည်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ပိုမိုစိတ်ဝင်စားစရာ ကောင်းတာကတော့ လာမယ့်သီတင်းပတ် အိမ်ဖြူတော်မှာ ထရမ့်ဟာ OpenAI, Nvidia, Tesla, Amazon နဲ့ Google တို့လို ထိပ်တန်း နည်းပညာကုမ္ပဏီကြီးတွေက အမှုဆောင်အရာရှိချုပ်တွေနဲ့ တွေ့ဆုံဖို့ ရှိနေတာပါပဲ။ ဒါ့အပြင် ကုလသမဂ္ဂမှာ AI ဆိုင်ရာ ပွဲတစ်ပွဲကို ဦးဆောင်ကျင်းပဖို့ ရှိနေသလို တရုတ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမယ့် ဆွေးနွေးပွဲတွေမှာလည်း AI အရေးဟာ အဓိက အဆုံးအဖြတ်ပေးမယ့် ကဏ္ဍတစ်ခု ဖြစ်လာဖို့ ရှိနေပါတယ်။

Ref : nypost